ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် ဂဟေဆက်သင်တန်း (၂/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကျင်းပ
ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် ရန်ကင်းမြို့နယ် အမှတ်(၁၃)ရပ်ကွက်၊ မြနန္နာလမ်း၊ အမှတ်(၂၉၈)ရှိ အလုပ်သမားဝန်ကြီးဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(ရန်ကင်း)တို့ ပူးပေါင်းဖွင့်လှစ်သည့် ဂဟေဆက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈:၃၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။