ပြည်မြို့တွင် "မိုဘိုင်းဖုန်းဖြင့်သတင်းဗီဒီယိုတည်းဖြတ်နည်းသင်တန်း"ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက "မိုဘိုင်ဖုန်းဖြင့်သတင်းဗီဒီယိုတည်းဖြတ်နည်းသင်တန်း"ဖွင့်လှစ်ရာ ပြည်ခရိုင်ခြောက်မြို့နယ်မှ မြို့နယ်ပြန်/ဆက်ဦးစီးမှူးများနှင့် သတင်းလုပ်ငန်းဆောင်ရွက်သည့်ဝန်ထမ်းများ တက်ရောက်သည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူများနှင့် ဂုဏ်ထူးရရှိသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းက ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်သည့် ဝန်ထမ်းသမီးများအား

သာယာဝတီမြို့နယ်၊ ကြို့ကုန်းကျေးရွာ၌ မိုးစပါးကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာနက ဒေသခံတောင်သူများ စိုက်ပျိုးချိန်တွင် လုပ်သားရှားပါးမှုအခက်အခဲများမဖြစ်ပေါ်စေရေးအတွက်

အွန်လိုင်း ပုံပြောပြိုင်ပွဲတွင် ပြည်ခရိုင်ကိုယ်စားပြု ဒုတိယဆုရရှိခဲ့သော ပေါင်းတည်မြို့နယ်ရုံးအတွက် ဂုဏ်ပြုလက်ဆောင်ချီးမြှင့်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ကြီးမှူးကျင်းပလျက်ရှိသော တိုင်းဒေသကြီး / ပြည်နယ်အသီးသီးရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်နှင့် မြို့နယ် / မြို့ရုံးများ၏ အွန်လိုင်းပုံပြောပြိုင်ပွဲ အစီအစဉ်တွင် ပြည်ခရိုင်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ပြီး ဒုတိယဆုရရှိခဲ့သော ပေါင်းတည်မြို့နယ် ရုံးအတွက် ယမန်နေ့ နံနက်ပိုင်းတွင် ပြည်ခရိုင်ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ခရိုင်ပြန်/ဆက်ဦးစီးမှူး ဒေါ်ခင်ရွှေဝါဖူးက ပေါင်းတည်မြို့နယ် ပြန် / ဆက်ဦးစီးမှူး ဒေါ်အေးအေးဆင့်ထံ ဂုဏ်ပြုလက်ဆောင် ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။

မြေပုံမြို့နယ်၌ မိုးရာသီ ဒီရေတောသစ်ပင် စိုက်ပျိုးပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီ ဒီရေတောသစ်ပင် တအုပ်တမ စိုက်ပျိုးပွဲ‌တော်ကို ယမန်နေ့က မြေပုံမြို့နယ်၊ အငူကျေးရွာ၊ အငူကမ်းခြေ ICM စီမံချက်အရ  မိုးရာသီ ဒီရေတောသစ်ပင် စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

မြောက်ဦးမြို့နယ်အတွင်းရှိ စာသင်ကျောင်းများသို့ သွားရောက်ပြီး သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြော

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ကြက်ဈေးရပ်ကွက် မူလွန်ကျောင်း၌ ယနေ့ နံနက် ၁၀ နာရီအ ချိန်က ဟောပြောခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့တွင် အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

မန္တလေးတိုင်းတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/ သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ဆေးထိုးစုရပ်အလိုက် အခြေခံပညာကျောင်းများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် သုတ/ရသ စသည့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်း သူများ စာပေမှ ရရှိသည့် ဗဟုသုတများစွာ ရရှိစေရန်၊ စာပေကို လက်ဝယ်အရောက် ဖတ်ရှု့နိုင်စေရန်နှင့် စာပေကို ပိုမိုဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် သုတ/ရသ စသည့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးသို့ သွားရောက် ငှားရမ်းပေးခဲ့သည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး မကွေးမြို့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေကြသည့် ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Dose  ထိုးနှံပေးခြင်းအား ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် ယနေ့နံနက် ၁၀ နာရီအချိန်က မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံးတွင် မကွေးမြို့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေကြသည့် ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းအား ကြည့်ရှုအား‌ပေးခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ လယ်မြေ ၄၈၀ ဧကမှထွက်ရှိမည့် သီးနှံထုတ်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းများဖောက်လုပ်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ လယ်မြေ ၄၈၀ ဧကမှထွက်ရှိမည့် သီးနှံထုတ်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုဘဏ္ဍာနှစ်အတွင်း ဖောက်လုပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Subscribe to