ကာမိုင်းမြို့၌ အသက်(၅)နှစ်မှ(၁၂)နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ဧရိယာအတွင်းရှိ အခြေခံပညာကျောင်းများ၌ ပညာသင်ကြားနေသော KG တန်းမှ Grade-7 အတန်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယနေ့နံနက်(၉)နာရီခန့်က အ.ထ.ကမြစိမ်းရောင်ခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။