နောင်ချိုမြို့နယ်၌ လူငယ်များ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး အသိပညာပေးဟောပြော

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်များအကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မဘိမ်းမြို့၌ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရော ဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မဘိမ်းမြို့၊ အခြေခံ ပညာအထက်တန်းကျောင်း၊ မြသီတာခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။  

ပင်လယ်ပြင် ငါးဖမ်းလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်း ပေါက်တောမြို့၌ ဖွင့်လှစ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပေါက်တောမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးပြီး ဖွင့်လှစ်သည့် ပင်လယ်ပြင် ငါးဖမ်းရေလုပ်သားများအတွက်  အခြေခံလုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်း (Basic On-Job Skill Training )ကို  ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ကြောင်း သိရသည်။

မြောင်းမြမြို့တွင် အနာဂတ်ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးစေရေးအတွက် နွားနို့နှင့်ကြက်ဥ တိုက်ကျွေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က အနာဂတ် ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးစေရေးအတွက် နွားနို့နှင့် ကြက်ဥများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ပင်းတယမြို့နယ်၌ ရင်ကွဲသရက်သီးများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ အများစုမှာ စိန်တလုံးသရက်သီးကိုသာ အဓိကထားစိုက်ပျိုးကြပြီး၊ အမျိုးအစားမတူသည့် သရက်ခြံများလည်း စိုက်ပျိုးထားရှိရာ

မိုင်းတုံမြို့နယ်၌ မိုးရာသီတိရစ္ဆာန်အစာပင် နေပီယာသရုပ်ပြစိုက်ပျိုး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ စမ်းသီတာ‌ကျေးရွာ‌နေ တောင်သူ ဦးစိုင်းထွန်းခင်၏ ယာမြေနေရာတွင် တိရစ္ဆာန်အစာပင် နေပီယာသရုပ်ပြစိုက်ပျိုးခြင်းကို ယမန်နေ့နံနက်(၉)နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်တိရစ္ဆာန် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာသိန်းသန်းဝင်းတို့က ကွင်းဆင်းကြည့်ရှုစိုက်ပျိုးခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ် ဘော်ကြိုကျေးရွာတွင် စိုက်ပျိုးထားသော မိုးနေကြာမျိုးစေ့ထုတ်စိုက်ခင်းအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု၍ တောင်သူများနှင့်တွေ့ဆုံ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဘော်ကြိုကျေးရွာအုပ်စု၊ ဘော်ကြိုကျေးရွာ ဒေါ်နန်းဌေး၏ယာမြေတွင် စိုက်ပျိုးထားသော မိုးနေကြာမျိုးစေ့ထုတ်စိုက်ခင်းအား စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ ယမန်နေ့ နံနက်(၁၁)နာရီက ကွင်းဆင်းကြည့်ရှု၍ အဆိုပါစိုက်ခင်းတွင် ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ လက်ပံတန်းမြို့နယ် အားကစားကွင်းအားကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးမြင့်ခိုင်၊ သာယာဝတီခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သူဇာအောင်၊ လက်ပံတန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဇီးကုန်းမြို့နယ် အားကစားကွင်းအား ကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့နေ့လည် ၂ နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ မြို့နယ်အားကစားကွင်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး မင်းလှမြို့နယ် အောင်တံခွန် အားကစားကွင်းခန်းမအား ကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ အောင်တံခွန်အားကစားကွင်းအတွင်း တည်ဆောက်ထားသည့် မိုးလုံလေလုံဘက်စုံအားကစားခန်းမအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
Subscribe to