(၉၄)ကြိမ်မြောက် ဝါဆိုခြင်းအလှခတ်ခြင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မဟာမုနိဘုရားကြီး ပုရဝုဏ် အနောက် ၄၅ တာကွင်းအတွင်း ဝါဆိုခြင်းရုံတွင် ၉၄ ကြိမ်မြောက် ဝါဆိုခြင်းအလှခတ်ခြင်း ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မြစ်သားမြို့တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ (Talk Show)ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတို့ပူးပေါင်း၍ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကိုယမန်နေ့မွန်းလွဲ(၃)နာရီက လူထုအခြေပြုဗဟိုဌာန (Community  Centre)  ခန်းမ ၌ ကျင်းပခဲ့ကြောင်း သိရသည်။

သာပေါင်းမြို့နယ်တွင် သံဃသမ္မုတိ ကိုယ်စားလှယ်ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် လစ်လပ်သွားသော သံဃသမ္မုတိ ဆရာတော်အစား ပြန်လည်ရွေးချယ်သည့် သံဃသမ္မုတိ ဆရာတော် တင်မြှောက်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်း ဓမ္မဗိမ္မာန်ကျောင်းတိုက်၊ ဝိဇယဓမ္မာရုံ၌ ကျင်းပပြုလုပ်ကြသည်။

တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား၊ အသက်(၁၈)နှစ်နှင့်အောက် အမျိုးသား(ဖူဆယ်) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား၊ အသက်(၁၈)နှစ်နှင့်အောက် အမျိုးသား(ဖူဆယ်) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ ချယ်ရီဥယျာဉ်အိမ်ရာရှိ SAKURA ဖူဆယ် အားကစားကွင်း၌ ကျင်းပရာ ပထမပွဲစဉ်အဖြစ် အမှတ်(၁၁)ရပ်ကွက်အသင်းနှင့် အမှတ်(၁၃)ရပ်ကွက် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ (၄ဂိုး-၇ဂိုး) နှင့် အမှတ်(၁၃)ရပ်ကွက်အသင်းက အနိုင်ရရှိကာ တတိယဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး နောက်ဆုံးဗိုလ်လုပွဲအဖြစ် အမှတ်(၁၂)ရပ်ကွက်အသင်းနှင့် အမှတ်(၁၀)ရပ်ကွက်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင် ကစားခဲ့ကြရာ (၃ဂိုး - ၄ဂိုး)ရလာဒ်ဖြင့် အမှတ်(၁၂)ရပ်ကွက်အသင်းက ဒုတိယဆုရရှိခဲ့ပြီး ပထမဆုဖလားကို အမှတ်(၁၀)ရပ်ကွက်အသင်းမှ ဆွတ်ခူးကာ ကိုင်မြှောက်ခွင့်ရခဲ့ကြောင်း သိရပါသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီး ဖားကန့်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဖားကန့်မြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ယမန်နေ့ နံနက် (၁၁)နာရီက သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို မြိတ်မြို့ရေပေးဝေရေးစီမံကိန်းအား BOT စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲသို့တက်ရောက်

မြိတ်မြို့ရေပေးဝေရေးစီမံကိန်းအား BOT စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ မြိတ်ကော်ပိုရေးရှင်းအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်နှင့် Bright Blue Water International Corportion Co.,Ltd တို့က တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လာရောက်ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ချမ်းမြသာစည်မြို့နယ်တွင် (၉၄) ကြိမ်မြောက် ဝါဆိုခြင်း အလှခတ်ခြင်း ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မဟာမုနိဘုရားကြီး ပုရဝုဏ်အနောက် ၄၅ တာကွင်းအတွင်း ဝါဆိုခြင်းရုံတွင် ၉၄ ကြိမ်မြောက် ဝါဆိုခြင်း အလှခတ်ခြင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ထိန်းချုပ်ရေး အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာတို့ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ထိန်းချုပ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့မွန်းလွဲ(၂) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် (၇၅)နှစ်မြောက် အာဇာနည်နေ့နှင့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပနိုင်ရေးနှင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့်(၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပနိုင်ရေး၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးနှင့် ၂၀၂၂ ခုနှစ်၊ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to