ဟားခါးမြို့၊ စျေးသစ်ရပ်ကွက်တွင် စစ်ကြောင်းကြီးငါးကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

ဒေသခံပြည်သူများ၏ လက်ရှိကြုံတွေ့နေသော အခက်အခဲများ၊ မရှင်းမလင်းဖြစ်နေသည့် အချက်များကို သိရှိပြီး အမြန်ဆုံး ကူညီဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်အတွက် စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ချင်းပြည်နယ်၊ ဟားခါးမြို့ ၊ စျေးသစ်ရပ်ကွက်ရှိ ခိုင်ကမ်းအားကစားရုံတွင် စက်တင်ဘာလ ၂၉ ရက်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကိုကို ဦးဆောင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့ ငါးမြင်းချောင်းကျေးရွာနှင့် ညောင်ချောင်းလေးကျေးရွာများသို့ သွားရောက်၍ ဒေသဖွံဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်အတွင်းရှိ ကျေးရွာများ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်မြေလုံခြုံအေးချမ်းရေးအတွက် စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ကွင်းဆင်းဆောင် ရွက်လျက်ရှိရာ စက်တင်ဘာလ ၂၈ ရက် နံနက် ၈ နာရီ ၃၀ အချိန်ကစ၍ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ထက်အောင် တို့ဦးဆောင်သော ခရိုင်အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူများပါဝင်သော အဖွဲ့သည် မြောင်းမြမြို့နယ်ရှိ ငါးမြင်းချောင်းကျေးရွာနှင့် ညောင်ချောင်းလေး ကျေးရွာများသို့ သွားရောက်၍ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါက်တောမြို့နယ်အတွင်းရှိ IDPs စခန်းများတွင် ခိုလှုံနေကြသောပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ IDPs စခန်း(၅)ခုဖြစ်သည့် ကြိမ်နီပြင် lDP စခန်း၊ အနောက်ရဲ lDP စခန်း၊ ဆက်တက်မော် IDP စခန်း၊ ငှက်ချောင်း(၁)IDP စခန်း၊ ငှက်ချောင်း(၂) IDP စခန်းများတွင် ခိုလှုံနေကြသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး  နှစ်ကြိမ်ထိုးနှံပြီးစီးသည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း ကာကွယ်ဆေး(Sinovac)ထိုးနှံပေးခြင်းကို  ယမန်နေ့  နံနက်ပိုင်းက သတ်မှတ်စုရပ် နေရာများတွင် ဆက်လက်ထိုးနှံပေးခဲ့ကြသည်။

ကျောက်ဆည်ခရိုင်တွင် ဈေးကား(၉)စီးဖြင့် စားအုန်းဆီပေပါအလုံး(၆၀)အား ဈေးနှုန်းချိုသာစွာဖြင့် လှည့်လည်ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ပြည်သူများ စားနပ်ရိက္ခာဖူလုံရေး အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ခရိုင်စားသုံး သူရေးရာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်တို့မှ ယနေ့နံနက်(၈)နာရီမှစတင်ကာ ဈေးကား(၉)စီးဖြင့် စားအုန်းဆီ ပေပါအလုံး(၆၀)အား ဈေးနှုန်းချိုသာစွာဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မဟာ‌အောင်မြေမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်၊ စာစောင်ပြပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာပေဖတ်ရှုသည့် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်၊ စာစောင် ပြပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့နံနက် ၈ နာရီခွဲက ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များ နှင့်ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခြင်းအား ယနေ့နံနက် ၉နာရီ အချိန်မှစတင်ပြီး ညောင်ဦးမြို့ ရပ် ကွက်/ကျေးရွာများသို့ဆက်လက်ရောင်းချပေးနေကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ခုနှစ် မြန်အောင်ခရိုင် ဆောင်းနေကြာစိုက်ပျိုးရေးစီမံကိန်းတာဝန် ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းနေကြာ စိုက်ပျိုးရေး စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်က မြန်အောင်မြို့နယ် ပညာရေးမှူးရုံး ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။

လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကလေးစာဖတ်ခန်း လှုပ်ရှားမှုဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Cente ကလေးစာဖတ်ခန်းတွင် ယမန်နေ့နံနက် (၉) နာရီ အချိန်က အမှတ်(၃) အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများအား ဖိတ်ခေါ်၍ အသိပညာပေး ဟောပြောခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ပုံပြင်ပြောခြင်းများဆောင်ရွက်ခဲ့သည်။

လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲအိုမီခရွန် မျိုးစိတ်သစ်  BA.4  နှင့်  BA.5 ရောဂါကာကွယ်ရေး နည်းလမ်းများ ကရင်/မြန်မာနှစ်ဘာသာဖြင့် နှိုးဆော်ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန်မျိုးစိတ်သစ် BA.4 နှင့်  BA.5 ရောဂါကြိုတင်ကာကွယ် ရေး အသိပညာပေးနှိုးဆော်မှုများကို  ဒေသနေပြည်သူများ သိရှိစေရန်အတွက် ကရင်/မြန်မာနှစ်ဘာသာဖြင့် ယနေ့နံနက် ၈ နာရီအချိန်က  အမှတ်(၁) ရပ်ကွက်နှင့် အမှတ်(၄) ရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to