လှည်းကူးမြို့ ရန်ကုန်အမြန်လမ်းမပေါ်ရှိ (၀)မိုင်ဂိတ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး Mask Campaign ဆောင်ရွက်

နိုင်ငံတစ်ဝှမ်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင်လည်း ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့မွန်းလွဲ (၃)နာရီက လှည်းကူးမြို့၊ ရန်ကုန်အမြန်လမ်းမပေါ်ရှိ (၀)မိုင်ဂိတ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဓနုဖြူမြို့နယ်၌ ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခွေးရူးကာကွယ်ဆေးအခမဲ့ ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခွေးရူးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော ခြင်းနှင့် ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ယမန်နေ့က မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးနှင့် ညောင်ချောင်းကျေးရွာအုပ်စု၊ထောက်ရှာရိုး ကျေးရွာတို့တွင် ဆောင်ရွက်ခဲ့သည်။

မုံရွာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask Campain ဆောင်ရွက်ခြင်းနှင့်   အသိပညာပေးနှိုးဆော်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နှာခေါင်းစည်း Mask Campain ဆောင်ရွက်ခြင်းနှင့် အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့ နံနက်(၈)နာရီမှ (၉)နာရီအထိ မုံရွာမြို့ ဗိုလ်ချုပ်လမ်း နာရီစင်လမ်းဆုံ၌  ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

သာယာဝတီမြို့နယ်တွင် မိုးစပါး (၅၁၇၄၂၆)ဧကစိုက်ပျိုးပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ဆန်စပါး ဖူလုံပိုလျှံရေး၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ မိုးစပါး (၅၁၇၄၂၆) ဧက စိုက်ပျိုးပြီးကြောင်း သိရသည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့၌  ကိုဗစ်ရောဂါကာကွယ်ရေး mask campaign ပြုလုပ်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မိဘပြည်သူများအား mask နှာခေါင်းစည်းတပ်ဆင်၍ သွားလာကြရေး အသိပေးနှိုးဆော်ခြင်းနှင့် mask နှာခေါင်းစည်းများကို ယနေ့နံနက် (၉) နာရီအချိန်က နမ္မဝေါရပ်ကွက်၊ ရုံးပေါင်းစုံလမ်းထိပ်တွင်ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ခရိုင်ပြည်သူ့ဆေးရုံးဝန်းအတွင်း နှာခေါင်းစည်း(Mask) အခမဲ့ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီးသရက်မြို့၌ ခရိုင်ပြည်သူ့ဆေးရုံးသို့ လာရောက်သူများအားနှာခေါင်းစည်း (Mask) အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်(၉)နာရီက ခရိုင်ပြည်သူ့ဆေးရုံးဝန်း အတွင်းဆောင်ရွက်ခဲ့ ကြသည်။

လှည်းကူးမြို့နယ်၊ သနက်ပြင်ကျေးရွာအုပ်စုတွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သနက်ပြင်ကျေးရွာအုပ်စုတွင် ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ယမန်နေ့နံနက် (၁၀)နာရီက စတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ချောင်းဆုံ မြို့နယ်တွင် မုန်တိုင်းဘေး တုံ့ပြန်ရေးဆိုင်ရာနှင့် ပြည်သူလူထု ပါဝင်သော သဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် မုန်တိုင်းဘေး အန္တရာယ် တုန့်ပြန်ရေး ဆိုင်ရာနှင့် ပြည်သူလူထု ပါဝင်သော သဏ္ဍန်တူ ဇာတ်တိုက် လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲ (၂)နာရီက ပင်လယ်ဆိပ်ကမ်းနားရှိ နတ်မှော်ကျေးရွာ၌ ပြုလုပ်ခဲ့သည်။

စလင်းမြို့နယ်တွင် တတိယအကြိမ် ပါတီညီလာခံအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူများအား စားသုံးကုန်များ စျေးနှုန်းချိုသာစွာဖြင့်ရောင်းချပေး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ တတိယအကြိမ် ပါတီညီလာခံအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူများအား စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ယနေ့နံနက် ၇ နာရီ ၃၀ အချိန်က စားသုံးကုန်(၅)မျိုးအား ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပြည်မြို့နယ်၌ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သက်သာသောစျေးနှုန်းဖြင့် စားသုံးဆီများ လှည့်လည် ရောင်းချပေး

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြို့နယ်တွင် ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှ စားသုံးဆီများကို သက်သာသောစျေးနှုန်းဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ မိသားစုများအတွက် ယမန်နေ့ မွန်းလွဲပိုင်းက လှည့်လည် ရောင်းချပေးခဲ့ကြောင်း သိရသည်။
Subscribe to