ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး ရွှေတောင်မြို့နယ် မြို့ဝင်တိုးဂိတ်အနီးတွင် ယမန်နေ့နံနက် (၈:၀၀) နာရီကစ၍ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ခရီသွားလာသူပြည်သူများ နေအိမ်မှပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်ကြရန်အတွက် နှာခေါင်းစည်း တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။