လှိုင်မြို့နယ်၌ အသက် ၁၂ နှစ်မှ ၁၈ နှစ်အတွင်း အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးဆက်လက် ထိုးနှံပေး
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် ကျောင်းသား/သူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရန်အတွက် အသက် ၁၂ နှစ်မှ ၁၈ နှစ်အတွင်းကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယနေ့နံနက် ၉:၃၀ နာရီက အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။