ဗန်းမော်မြို့နယ်တွင် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကျင်းပ

ကချင်ပြည်နယ်   ဗန်းမော်မြို့တွင်    (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက်  ၉ နာရီက ဗန်းမော်မြို့မရဲစခန်းဝန်းရှိ ရဲသီဟခန်းမ၌ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့၊ နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ် မောင်တောမြို့၌ (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့၊ နှစ်ပတ်လည်နေ့အခမ်းအနားကို  ယနေ့နံနက် ၉ နာရီအချိန်  မောင်တောခရိုင်ရဲတပ်ဖွဲ့မှူးရုံး  မေယုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်၍ ကျောင်းသား/ကျောင်းသူများအား ပညာသင်ကြားပေးလျက်ရှိရာ မိုးရာသီကာလ၌ မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများတွင် သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားမှု ကင်းဝေးစေရေးအတွက် ယနေ့နံနက်ပိုင်းက အမှတ်(၃၁)အခြေခံပညာမူလတန်း ကျောင်းတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးခဲ့ကြသည်။

လဟယ်မြို့တွင် မွေးကင်းစမှ အသက်(၅)နှစ်အောက် ကလေးများအား ဗီတာမင်အေနှင့်သန်ချဆေးတိုက်ကျွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မွေးကင်းစမှအသက်(၅)နှစ်အောက် ကလေးသူငယ်များအား ဗီတာမင်အေနှင့်သန်ချဆေး တိုက်ကျွေးမှုကို ယမန်နေ့ နံနက်(၉)နာရီအချိန် မြို့နယ် မိခင်ကလေးစောင့်ရှောက်ရေးဌာနတွင် စတင်တိုက်ကျွေးလျက်ရှိပါသည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်းရှိ‌ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်

အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင်အဖြစ် လစဉ်ငွေကျပ် ၁၀၀၀၀ စီထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်လျက်ရှိရာ  ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင် ထောက်ပံ့‌ငွေရရှိသည့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများမှ ထောက်ပံ့ပေးအပ်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသန်းဝင်းမှ ယမန်နေ့ညနေ ၃ နာရီက ရပ်ကွက်တာဝန်ရှိ သူများထံထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ဟိုပန်၌ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေး သင်တန်းဖွင့်လှစ်

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ မျိုးကောင်းမျိုးသန့်စိုက်ပျိုးပြီး သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များ လိုက်နာကျင့်သုံးကြစေရန်အတွက် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်းကို ယမန်နေ့နံနက်(၉)နာရီက ဟိုပန်မြို့မ၊ တောင်သူနည်းပညာပြန့်ပွားရေးစင်တာ၌ ဖွင့်လှစ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း စစ်တွေကမ်းခြေတစ်လျှောက် စုပေါင်းအမှိုက်ကောက်ပွဲ လှည့်လည်ကြည့်ရှုအားပေး

ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် စစ်တွေကမ်းခြေ တစ်လျှောက် စုပေါင်းအမှိုက်ကောက်ပွဲကို ယနေ့ညနေပိုင်းက စစ်တွေကမ်းခြေတွင် ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလှည့်လည် ကြည့်ရှုအားပေးကြသည်။

ခရိုင်/မြို့နယ် ပြည်သူ့လုံခြုံရေး ကြီးကြပ်မှုအဖွဲ့နှင့် ဘော်ကျေးရွာ ပြည်သူ့လုံခြုံရေး ကြီးကြပ်မှု့အဖွဲ့တွေ့ဆုံ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်/မြို့နယ် ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့နှင့် ဘော်ကျေးရွာ ပြည်သူ့လုံခြုံရေး ကြီကြပ်မှု့အဖွဲ့ဝင်များ၊ ပြည်သူများနှင့် တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲ(၂)နာရီက ဘော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။

နမ့်ခမ်းမြို့၌ (၁၆) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့ (World Rabies Day)" အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ရောဂါကာကွယ်ထိုးနှံပေး

မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့မှ စက်တင်ဘာလ ၂၈ ရက်နေ့တွင်ကျရောက်ခဲ့သည့် "(၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့ (World Rabies Day)" အထိမ်းအမှတ်အဖြစ် ယနေ့နံနက် ၁၀ နာရီအချိန် နမ့်ခမ်းမြို့ရှိ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ခွေးရူးရောဂါနှင့်ပတ်သက် သည့် အသိပညာပေးဟောပြောပွဲ၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
Subscribe to