ဒေးဒရဲမြို့၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၈)နာရီကစတင်၍ သက်ဆိုင်ရာ ကာကွယ်ဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်တွင် (၅၈) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ရဲသူရိန်ခန်းမ၌ ယနေ့နံနက်ပိုင်းက (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်းပခဲ့ရာ မန္တ‌လေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကိုကိုဦး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး‌ ကျော်ကျော်မင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်မိသားစုများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပေါက်တောမြို့၌ (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန် ရဲတပ်ဖွဲ့မှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ပန်ရွှေဖူးစားပြောင်းသီးနှံ စိုက်ပျိုးတောင်သူများ ဈေးကောင်းရရှိ၍ လုပ်ငန်းအဆင်ပြေ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများတွင် မြေအောက်ရေဖြင့် ပန်ရွှေဖူးစား ပြောင်းသီးနှံ စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြသူများ အောင်မြင်ဖြစ်ထွန်းပြီး ရောင်းချရာတွင်လည်း ဈေးကောင်းရရှိ၍ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်ဝိုင်းကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။

ကရင်ပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် တစ်နှစ်အတွင်း အမှုပေါင်း ၁၆၉၅ မှု အရေးယူဆောင်ရွက်နိုင်ခဲ့ပြီး ယခင်နှစ်များထက်ပိုမို၍ ပြည်သူကိုဝန်ဆောင်မှုပေးနိုင်ခဲ့

ကရင်ပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ထိ အမှုကြီး ၆၅ မှု၊ အခြားအမှု ၈၇၆ မှု၊ ကြိုတင်ကာကွယ်မှု ၇၅၄ မှု စုစုပေါင်းအမှု ၁၆၉၅ မှုကို အရေးယူဆောင်ရွက်နိုင်ခဲ့ပြီး ယခင်နှစ်များထက် ပိုမို၍ ပြည်သူကိုဝန်ဆောင်မှုပေးနိုင်ခဲ့ကြောင်း ယနေ့နံနက် ၈ နာရီခန့်က ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ဆင်ဖြူရှင်ခန်းမ၌ ကျင်းပသည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားမှ သိရသည်။

ပဲခူးမြို့တွင် အလုပ်သမားရေးရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

CMP စက်ရုံများဖြစ်သည့် မြန်မာစတားအထည်ချုပ်စက်ရုံနှင့် ဆုစ်စတားအထည်ချုပ်စက်ရုံတို့ရှိ အလုပ်သမားများအား အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုလျော့နည်းစေရန်အတွက် ဥပဒေပါရပိုင်ခွင့်များနှင့် အကျိုးခံစားခွင့်များကို သိရှိစေရန် အလုပ်သမားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန၊ အဖွဲ့တို့မှ ကျင့်သုံးလျက်ရှိသော အလုပ်သမားဥပဒေပါ အကြောင်းအရာများအား အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း က အဆိုပါစက်ရုံးများ၌ ကျင်းပခဲ့သည်။

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ နှစ်ပတ်လည်နေ့ အခမ်းအနား လွိုင်ကော်မြို့၌ကျင်းပ

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ်လှမိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
Subscribe to