(၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ရဲတပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ
၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သည့်(၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၅ နာရီခွဲ အချိန်က မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ဓမ္မာရုံ၌ကျင်းပ ပြုလုပ်ရာ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးဆွေနှင့်ဇနီး၊ ဒုပြည်နယ်ရဲ တပ်ဖွဲ့မှူးရဲမှူးကြီး ဥက္ကာကိုနှင့်ဇနီး၊ အရာရှိများနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၀င်များ တက်ရောက်ခဲ့သည်။