ကော့သောင်းနယ်စပ်ဂိတ်မှပြန်လည်ဝင်ရောက်လာသည့်မြန်မာရွေ့ပြောင်းအလုပ်သမားများအားအသွားအလာကန့်သတ် စောင့်ကြည့်ထားရှိ
နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီး ပြန်လည်လွှတ်မြောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား၁၄၀ ဦး၊ အမျိုးသမီး ၃၈ဦး၊ စုစုပေါင်း အလုပ်သမား၁၇၈ဦး ယမန်နေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံကော့သောင်းမြို့၊ တာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လာရောက်လွှဲပြောင်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။