စလင်းမြို့နယ်အတွင်းရှိ စလင်းတမံရေပိုလွှဲမှ ရေကျော်စီးဆင်း
မကွေးတိုင်ဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ စလင်းရေလှာင်တမံ အထက်ပိုင်းဒေသများတွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့သဖြင့် ယမန်နေ့ည ၁၀ နာရီအချိန်မှ စတင်ကာ စလင်းတမံရေပိုလွှဲမှ ရေများစတင်ကျော်ကျစီးဆင်းကြောင်း သိရသည်။