ညောင်ဦးမြို့၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခြင်းအား ယနေ့နံနက် ၉ နာရီအချိန်မှစတင်ပြီး ညောင်ဦးမြို့ ရပ်ကွက်/ကျေးရွာများသို့ ဆက်လက်ရောင်းချပေးနေကြောင်း သိရသည်။

လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက်တွင် “ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်”  ပြပွဲ/ပြိုင်ပွဲများ ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre)  ခန်းမ၌  ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ကျောင်းသား/ကျောင်းသူများအား တီထွင်ကြံဆတတ်စေရန် စာကြည့်တိုက်နှင့်ရင်းနှီးပြီး စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ “ ကမ္ဘာ့ဆရာများနေ့ ” အထိမ်းအမှတ်အဖြစ် ပြပွဲ/ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ဆေးပညာနှင့်သက်ဆိုင်သည့် စာအုပ်စာစောင်များလာရောက်လှူဒါန်း

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ဆေးပညာနှင့်သက်ဆိုင်သည့် စာအုပ်စာစောင်းများ လှူဒါန်းခြင်းကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်ပြည်သူ့ စာကြည့်တိုက် (Community Centre) ခန်းမတွင်  ကျင်းပကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်တွင် အခြေခံဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရမည်းသင်းခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန တို့ပူးပေါင်း၍ အခြေခံဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ရမည်းသင်ခရိုင် လူထုအခြေ ပြုဗဟိုဌာန(Community  Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြောင်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းကျင်းပ

မြောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ရုံးဝန်ထမ်းများ စာဖတ်ရှိန်မြင့်မားစေရေးအတွက် ရုံးတွင်းစာဖတ်ဝိုင်းကို နံနက်(၁၀)နာရီက မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတတိုးပွားစေရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးနှင့် ကျောင်းစာအပြင် ပြင်ဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်တွင် အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့် လှစ်ပေးပြီး စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မြို့သစ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ကဗျာရွတ်ဆိုပြိုင်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၂၂) ကို ယနေ့နံနက်က ကံကောင်းကျေးရွာရှိ ဓမ္မာရုံတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး Mask Campaing  ဆောင်ရွက်

မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့်အရေးပေါ်ကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှင့် မျိုးရိုးဗီဇပြောင်း ဗိုင်းရစ်များ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ယနေ့နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်  Mask Campaing လှုပ်ရှားမှုအဖြစ် ကျောင်းသား/ ကျောင်းသူများအား နှာခေါင်းစည်း (Mask) အခမဲ့ဖြန့်ဝေပေးခဲ့ပြီး (Mask) စနစ်တကျ တပ်ဆင်တတ်စေရန် အသိပညာပေး ပြောကြားပေးခဲ့သည်။        

ပုသိမ်ကြီးမြို့မဈေးတွင် Mask စနစ်တကျတပ်ဆင်အသုံးပြုရေး Mask Campaign ပြုလုပ်

ပုသိမ်ကြီး အောက်တိုဘာ ၃မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မြို့မဈေးကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask စနစ်တကျတပ်ဆင်အသုံးပြုရေး Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့မဈေးအတွင်း/အပြင်၌ ဆောင်ရွက် ခဲ့ကြသည်။
Subscribe to