နွားထိုးကြီးမြို့ မီးသတ်ဦးစီးမှူးရုံး၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်လှစ်

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ မီးသတ်ဦးစီးမှူးရုံး၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

သီပေါမြို့နယ်တွင် (၁၂၇)ကြိမ်မြောက်မြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းကြီးလောင်းလှူပွဲကျင်းပမည်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့ မြို့ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးတွင် (၁၂၇)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာသံဃဒါန ဆွမ်းကြီးလောင်းလှူပွဲကို ၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၃)ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အကျဉ်းချုံးကျင်းပ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပိုင်ကျုံမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Covid-19 RDT ဖြင့် စစ်ဆေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Covid-19 RDT ဖြင့် စစ်ဆေးခြင်းကို ယနေ့ နံနက် (၁ဝ) နာရီချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် စစ်ဆေးပေးခဲ့သည်။

တံတားဦးမြို့နယ်တွင်  ဆရာတော်သံဃာတော်များအား စုပေါင်း၍ ဆွမ်းနှင့်ဆွမ်းဟင်းများလောင်းလှူ

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဆရာတော်သံဃာတော်များအား ဌာနဆိုင်များစုပေါင်း၍ ဆွမ်းနှင့်ဆွမ်းဟင်းများ လောင်းလှူပွဲကို ယမန်နေ့နံနက်(၅)နာရီက တံတားဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ လမ်းမတော်လမ်း၌ လောင်းလှူကြကြောင်း သိရသည်။

ငါန်းဇွန်မြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်စခန်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့်စာအုပ်စာစောင်များကို ဌာနဆိုင်ရာရုံးများတွင် သွားရောက်ငှားရမ်းပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များ စာပေဖတ်ရှုမှုအဆင်ပြေစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀)နာရီ အချိန်ခန့်က မိုင်းလုံမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် သွားရောက်ငှားရမ်းပေးခဲ့သည်။

ပျော်ဘွယ်မြို့ အာယုသုခအောက်ဆီဂျင်စက်ရုံလည်ပတ်နေမှုအား ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြည့်ရှုအားပေး

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့တွင် တည်ဆောက်ခဲ့သည့် အာယုသုခ အောက်ဆီဂျင်စက်ရုံ လည်ပတ်နေမှု အခြေအနေများ ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြည့်ရှုအားပေးခြင်းကို ယမန်နေ့နံနက် (၁၁)နာရီက ရွှေပြည်ရန်အောင်ရပ်ကွက်၊ အိုးအိမ်ဝန်ထမ်းအိမ်ယာအနီးရှိ အဆိုပါ စက်ရုံအတွင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းတုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနရှိ Community Centre ခန်းမ၌ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းမှ စာဖတ်ဝိုင်း‌နှင့်စာအုပ်၊ စာ‌စောင်ပြပွဲပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနရှိ Community Centre ခန်းမတွင် စာရေးဆရာ ဦးဖြိုးကြွယ်မြင့်၏ " သားသမီးငယ်တို့ လူရည်ချွန် လူရည်မွန်များ ဖြစ်စေရန်လမ်းညွှန်" စာအုပ်ကို ယနေ့၁၀:၁၅ အချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

လှိုင်းဘွဲမြို့နယ်၌ ဘားအံခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်စက်ပြင်သင်တန်း အခမ်းအနားဖွင့်လှစ်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၌ ဘားအံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်စက်ပြင်သင်တန်း အခမ်းအနားဖွင့်လှစ်ရာ ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဇော်၊ လှိုင်းဘွဲမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း၊ လှိုင်းဘွဲမြို့နယ်ရဲမှူးသိန်းထွန်း၊ ဌာနဆိုင်ရာများ၊ သင်တန်း နည်းပြနှင့် သင်တန်း သားများတက်ရောက်ကြကြောင်းသိရသည်။

ရာသီမရွေးဝင်ငွေရရှိနိုင်မည့် ငွေပန်းပင်များစိုက်ပျိုး

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် ရာသီမရွေးခူးယူရောင်းချနိုင်သည့် ငွေပန်းပင်များစိုက်ပျိုးပြီး ပန်းပွင့်များ ခူးယူရောင်းချခြင်းဖြင့် မိသားစုအတွက်ပုံမှန်ဝင်ငွေများရရှိနိုင်ကြောင်း ငွေပန်းစိုက်ပျိုးရောင်းချသူထံမှ သိရသည်။
Subscribe to