ဇီးကုန်းမြို့နယ်၌ လျှပ်စစ်ဓာတ်အားသုံးစွဲခ ပေးသွင်းရန်ကျန်ရှိမှုမရှိစေရေး တွေ့ဆုံဆွေးနွေး
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီး လျှပ်စစ်စွမ်းအားဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ လျှပ်စစ်ဓာတ်အားသုံးစွဲသူ မိဘပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည်။