ဒိုက်ဦးမြို့နယ်အတွင်းရှိ ကျောင်းမုန့်ဆိုင်များနှင့် ကုန်စုံဆိုင်များ၌ မူးယစ်ဆေးဝါးပါဝင်သော အစားအသောက်များ ရောင်းချမှု ရှိ/မရှိကွင်းဆင်းစစ်ဆေး
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဥက္ကဋ္ဌ ဦးဝေယံကျော် ဦးဆောင်ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင် ဆောင်ရွက်ပြီး ယနေ့နံနက် ၉ နာရီမှစတင်၍ ဒိုက်ဦးမြို့နယ်အတွင်းရှိ ကျောင်းမုန့်ဆိုင်များနှင့် ကုန်စုံဆိုင်များ၌ မူးယစ်ဆေးဝါးပါဝင်သော အစားအသောက်များ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆးသည်။