လပွတ္တာမြို့နယ် တွင်ထော်လာဂျီနှင့် မော်တော်ဆိုင်ကယ်များအားလိုင်စင် သက်တမ်း တိုးခြင်းနှင့် သင်မောင်းလိုင်စင်ပြုလုပ်ခြင်း လုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ လပွတ္တာခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏စီစဉ်ဆောင်ရွက်မှုဖြင့် ဧရာဝတီတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနနှင့်မြို့နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကော်မတီတို့ ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် လပွတ္တာမြို့နယ်အတွင်းရှိ လိုင်စင်မဲ့ထော်လာဂျီများအား လိုင်စင်အသစ်ပြု လုပ်ပေးခြင်း၊

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်- ၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ပျံ့နှံ့မှု တားဆီး ကာကွယ်နိုင်ရန် နှာခေါင်းစည်း Mask Campaign ပြုလုပ်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ပျံနှံ့မှုတားဆီးကာကွယ်နိုင်ရန်အတွက် ပြည်သူများနေအိမ်မှပြင်ပသို့ ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်းစည်း (Mask) တပ်ဆင်ပြီးသွားလာကြရန် Mask Campaign ပြုလုပ်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်း က အမှတ်(၆)ရပ်ကွက် ကျန်စစ်သားလမ်းနှင့် စိန်တံချူလမ်းရှိ လူစည်ကားရာနေရာများတွင် စျေးသွား၊ စျေးလာ၊ စျေးဝယ်ပြည်သူများကို နှာခေါင်းစည်းများ ဖြန့်ဝေကာ Mask Campign ပြုလုပ်၍ အသိပညာပေး ဆောင်ရွက်လျက်ရှိသည်။

ငပုတောမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင် လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင် လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်က မြို့နယ်မီးသတ် ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည် ။

လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန်အတွက် ခြင်ဆေးမှုတ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါ တားဆီးကာကွယ်ရန်တို့အတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို မြို့နယ်ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများစုပေါင်းကာ ယမန်နေ့နံနက်ပိုင်းက ရေဥက္ကံကျေးရွာ၊ အခြေခံပညာမူလတန်း အမှတ်(၁၆)ကျောင်းတွင် ခြင်ဆေးမှုတ်ခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ရေဖြူမြို့နယ်၌ ကိုဗစ်-၁၉မျိုးကွဲသစ်အိုမီခရွန်ရောဂါ တားဆီးကာကွယ်ရေး Mask Campaignနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ ကိုဗစ်-၁၉မျိုးကွဲသစ်အိုမီခရွန်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈နာရီခွဲက ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း စောင့်ကြပ်ထိန်း ချုပ်နိုင်ရေးနှင့် ကျောင်းသား/သူများနေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းများကို စနစ်တကျတပ်ဆင်သည့်အလေ့ အကျင့်ကောင်းများ ဆက်လက်လိုက်နာ ကျင့်သုံးဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့် အ‌ရေးပေါ်တုံ့ပြန်ရေးကော်မတီသည် အ-ထ-က ရေဖြူတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောင်းကုန်းမြို့၌ သီးသန့်လူနာဆောင် ဆောက်လုပ်နေမှု ၇၀% ခန့် ပြီးစီးပြီဖြစ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်း၌ သီးသန့်လူနာများ ထားရှိဖို့ RC နှစ်ထပ်ဆောင် ဆောက်လုပ် လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ၇၀% ပြီးစီးပြီ ဖြစ်တယ်ဟု Min Dhama ကုမ္ပဏီမှ တာဝန်ခံတစ်ဦးက ပြောသည်။

ကန်ကြီးထောင့်မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက် တွင် ကန်ကြီးထောင့်မြို့ အမှတ် (၁) ရပ်ကွက် အထကရှိ အမျိုးသားခန်းမ၌ ကျင်းပခဲ့သည်။

ဒလမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အဖြစ် မြတ်ဆရာကန်တော့ပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုသောအားဖြင့် မြတ်ဆရာပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်း၏ ကုမုဒြာခန်းမ၌ ကျင်းပသည်။

မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့သည့် မိသားစုများအတွက် ကြက်ခြေနီမှ ထောက်ပံ့ပစ္စည်းများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ တဲကြီးကုန်းလမ်းတွင် စက်တင် ဘာလ ၁၉ ရက်နေ့က မိုးသက် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးနေအိမ် (၁)လုံးနှင့် အမိုးလန်ပျက်စီး နေအိမ် (၁)လုံးတို့ ထိခိုက်ဆုံးရှုံးခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

ကွမ်းခြံကုန်းမြို့နယ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် (TAlk Show ) ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကမ္ဘာ့ဆရာများနေ့အကြောင်း သိကောင်းစရာ Talk Show ကို ယနေ့နံနက် ၉ နာရီ က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to