ဇီးကုန်းမြို့နယ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြို့နယ်အတွင်းရှိ ဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြို့နယ်အတွင်းရှိ အသက်(၇၀)ကျော် ဆရာကြီး၊ ဆရာမကြီးများအား ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများမှ ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က ဇီးကုန်း)၌ ကျင်းပပြုလုပ်ခဲ့သည်။