အုတ်ဖိုမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး

ကျောင်းသား၊ ကျောင်းသူများ အသိပညာဗသုသုတများတိုးပွားလာစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာစေရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉နာရီ ၃၀ အချိန်က အ.မ.က ဆင်ဂေါင်း(၁) ကျောင်းတွင် ပြုလုပ်ခဲ့သည်။

ပုသိမ်ကြီးမြို့ Community Centre တွင် သီတင်းကျွတ်လပြည့်နေ့အကြောင်း သိကောင်းစရာ Talk Show ဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ အဆိုပါဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Centre (ပံသုကျီ) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက သီတင်းကျွတ် လပြည့်နေ့အကြောင်း သိကောင်းစရာ Talk Show ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

လက်ပံတန်းမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း(၁/၂၀၂၂)ဖွင့်ပွဲကို မြို့နယ်မီးသတ်ဦးစီးဌာနခန်းမ၌ ယနေ့နံနက် ၉ နာရီ ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့နယ်၌ ပေါက်ပင်ကွေ့ကျေးရွာတွင် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ လုပ်ငန်းများရာနှုန်းပြည့်ပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် (VDP) စီမံကိန်းဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာလိုအပ်မှုများအား ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပေါက်ပင်ကွေ့ကျေးရွာတွင် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဖော်ဆောင်ပေးခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

ပိုင်ကျုံမြို့၌ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ထိုးနှံပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးမှု ကာလ ၆လနှင့်အထက်ရှိသူများအား  ထပ်‌ဆောင်းကာကွယ်‌ဆေးအဖြစ် ထိုးနှံခြင်းကို  ယနေ့မွန်းလွဲပိုင်းက မြို့အထွေ ထွေအုပ်ချုပ်‌ရေးဦးစီးဌာနတွင် ထိုး‌နှံ‌ပေးခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနမှဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို အမှတ်(၁၂၂)ရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာနအစည်းအဝေးခန်းမတွင် ယနေ့(၉)နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်တွင် ဆန်၊ ဆီ၊ ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့်‌ ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြည်သူများအခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်  ယနေ့နံနက်(၈:၃၀)အချိန်မှစ၍ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ အုပ်ချုပ်ရေမှူးရုံးတွင် အခြေခံစားသောက်ကုန်များအား ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ်ပြိုင်ပွဲဝင် ဆုရရှိသူများ၊ နည်းပြများ၊ ဂုဏ်ထူးဆောင်သွေးအလှူရှင်များ ထပ်ဆင့်ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

၂၀၂၂ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ်ပြိုင်ပွဲဝင် ဆုရရှိသူများ၊ နည်းပြများ၊ ဂုဏ်ထူးဆောင်သွေးအလှူရှင်များထပ်ဆင့် ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့နေ့လည် ၁:၀၀ အချိန်က မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ဘားအံမြို့နယ် မဲဘောင်-ရသဝေါ်-လှာကမြင်-သာနုံး-ကော့ထော်ကျေးရွာချင်းဆက်လမ်း ၈၀ ရာခိုင်နှုန်းကျော်ပြီးစီး သိမ်တော်ကြီး-ကမော့ကစင်လမ်း ဖောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့ပြနှင့်ကျေးလက် တပြေးညီဖွံ့ဖြိုးတိုးတက်လာစေရေး အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် ကျေးလက်နေပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး နွေမိုးဆောင်းရာသီမရွေး ကူးလူးဆက်ဆံရောင်းဝယ်ဖောက်ကား သွားလာနိုင်သော ကျေးရွာချင်းဆက်လမ်းများကို ဘဏ္ဍာနှစ်အလိုက် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိရာ မဲဘောင်-ရသဝေါ်-လှာကမြင်-သာနုံး-ကော့ထော်ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းပိုင်းသည် ယခုအခါ ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်သည်။

မန္တလေးစွယ်တော်မြတ်စေတီ၂၄ကြိမ်မြောက် ဆီမီး၉၀၀၀ပူဇော်ပွဲ၊ ဝတ်ရွတ်ပူဇော်ပွဲနှင့် ဆွမ်းတော်ကြီး ကပ်လှူပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်းရှိ မန္တလေးမြတ်စွယ်တော်စေတီတော်ကြီး၏ ၂၄ကြိမ်မြောက်၊ ဆီးမီး၉၀၀၀ပူဇော်ပွဲ၊ ဝတ်ရွတ်ပူဇော်ပွဲနှင့် ဆွမ်းတော်ကြီးလောင်လှူပွဲ အခမ်း အနားအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ် ၁ နာရီအချိန်က အဆိုပါစေတီတော်မြတ်ကြီး၏ ပရဝုဏ်အတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to