ဝါးခယ်မမြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဟင်းသီးဟင်ရွက်ဆိုင်များနှင့် မုန်းမျိုးစုံဆိုင်များအား ကွင်းဆင်း စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယမန်နေ့ နံနက် ၁၁ နာရီအချိန်တွင် မြို့မဈေးအတွင်း၊ အပြင်ရှိ ဟင်းသီးဟင်းရွက် အရောင်းဆိုင်များနှင့် မုန့်မျိုးစုံဆိုင်အရောင်းဆိုင်များကို ကွင်းဆင်းစစ်‌ဆေးခဲ့ ကြောင်းသိရသည်။

ဂွမြို့ လူထုအခြေပြုဗဟိုဌာနတွင် အလှကုန်ပစ္စည်းများနှင့် ပတ်သက်၍ အသိပညာပေးTalk  Show ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အလှကုန်ပစ္စည်းများနှင့် ပတ်သက်၍ အသိပညာပေး Talk  Show ကို ယမန်နေ့ နေ့လည်ပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

အရန်မီးသတ်တပ်ဖွဲ့ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၂) မြန်အောင်၌ဖွင့်လှစ်

ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန မြန်အောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ ယမန်နေ့ နံနက်က အရန်မီးသတ်တပ်ဖွဲ့ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဥ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

ဝါးခယ်မမြို့နယ်၌ ပန်းခင်းစီမံချက် ၂ ဖြင့်အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ပန်းခင်းစီမံချက် ၂ ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့် အညီ အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ နံနက်(၉)နာရီအချိန်က နန့်အဲလောင်ကျေးရွာအုပ်စုနှင့် အထက် သက္ကယ် ကျေးရွာအုပ်စုများရှိ ပြည်သူများအား ပန်းခင်းစီမံချက် ၂ ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် မင်းရဲမြောင်း၌ ပျက်စီးနေသည့်ရေပြွန်(၆)လုံးအား သံကူကွန်ကူကရစ် ရေပေးပြွန်များဖြင့်  ပြန်လည်ပြုပြင်ပေးပြီးဖြစ်၍ သီးနှံမျိုးစုံ (၄၀၀)ဧကအတွက် စိုက်ပျိုးရေပြည့်ဝစွာ ပေးဝေနိုင်ပြီဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးသီးနှံများအောင်မြင်စွာ ရေ ပေးဝေရာနိုင်ရေး ပျက်စီးနေသည့်ရေပေးပြွန်များအား ပြန်လည် ပြုပြင်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်၌ မင်းရဲမြောင်း၌ ပျက်စီးနေသည့်ရေပြွန်(၆)လုံးအား သံကူကွန်ကရစ် ရေပေးပြွန်များဖြင့် အစားထိုး ပြန်လည်ပြုပြင် ပေးပြီးဖြစ်၍ သီးနှံမျိုးစုံ(၄၀၀)ဧက အတွက် စိုက်ပျိုးရေပြည့်ဝစွာ ပေးဝေနိုင်ပြီးဖြစ်ကြောင်း သိရသည်။

မိုးညှင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ စပါးသီးနှံတွင် ကျရောက်တတ်သော ပိုးမွှားရောဂါများ ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ စပါးသီးနှံတွင် ကျရောက်တတ်သော ပိုးမွှားရောဂါများ ကာကွယ်ရေး အသိပညာပေး Talk Show ကို ယမန်နေ့ နံနက်(၁၀)နာရီခွဲက လူထုအခြေပြုဗဟိုဌာန၌ ဆောင်ရွက်ခဲ့သည်။

မြောင်းမြမြို့ ပြည်သူ့ဆေးရုံကြီးတွင် အကူသူနာပြု (ပြင်ပ) သင်တန်းဆင်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၌ အကူသူနာပြု(ပြင်ပ) (၉)လ သင်တန်းဆင်းပွဲ အခမ်း အနားကို ယနေ့ နံနက် ၁၀ နာရီက မြောင်းမြမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

လှည်းကူးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့်စာအုပ်၊ စာစောင်များငှားရမ်းပေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာဖတ်ပရိတ်သတ်များအတွက် Mobile Library စနစ်ဖြင့် စာအုပ်/စာစောင်များငှားရမ်းပေးခြင်းနှင့် ငှားရမ်းထားသောစာအုပ်များ ပြန်လည်သိမ်းဆည်းခြင်းကို ယနေ့နံနက် (၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိဝန်ထမ်းများက လှည်းကူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် စီမံကိန်းရေးဆွဲရေးဦးစီးဌာနသို့ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

မယ်စဲ့မြို့နယ်တွင် တောင်ကျရေစီးဆင်း၍ ရေတိုက်စားမှုကြောင့် မယ်ဆည်နမ်ကျေးရွာ ကွန်ကရစ်တံတားချဉ်းကပ်လမ်း ရေတိုက်စားမှုဖြစ်ပေါ်

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေ  စီးဆင်းမှုကြောင့် နမ့်ပိန်းလင်ကျေးရွာ မယ်စဲ့-ဖားဆောင်း ကားလမ်းပေါ်ရှိ မယ်ပါချောင်း ကွန်ကရစ်တံတား ချဉ်းကပ်လမ်း ရေတိုက်စားမှု ဖြစ်ပွားခဲ့ရာ ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆန်းထွန်းလတ်၊ မြို့နယ်လမ်းဦးစီးဌာနနှင့် မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးတို့မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to