ဘိုကလေးမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းမှ ဆန်(၁)ပြည်လျှင် (၁၅၀၀)ကျပ်နှုန်းဖြင့် ဆက်လက်ရောင်းချ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းမှ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဆန်ရိက္ခာ ဝယ်ယူစားသုံးနိုင်ရန်နှင့် စားဝတ်နေရေး ချောင်ချိသက်သာစေရေးကို ရည်ရွယ်ကာ သတ်မှတ်ရက်များအလိုက် ဘိုကလေးမြို့ပေါ်ရှိ အမှတ် (၆၊ ၇၊ ၈၊ ၉၊ ၁၀) ရပ်ကွက်များ၊ မြို့နှင့် ထိစပ်လျက်ရှိသည့် သာပေါင်းကျေးရွာ၊ ဘုရားချောင်းကျေးရွာတို့အား ဇီယျာဆန်(၁)ပြည်လျှင် (၁၅၀၀) ကျပ်နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆန်(၂)ပြည်နှုန်း ရောင်းချပေးလျက်ရှိရာ ယနေ့ နံနက်(၉)နာရီ၌ အမှတ်(၆)ရပ်ကွက်အတွင်းတွင် ဆန်(၁၁၀၀) ပြည်အား သွားရောက်ရောင်းချ ပေးခဲ့သည်။

သမိုင်းဝင်တန်ခိုးကြီးဘုရားဖြစ်သည့် ရွှေမဉ္ဇူ(အင်းတော်ကြီး) ရေလယ်ဘုရားတွင် သီတင်းကျွတ်လပြည့်ည၌ ဆီမီး(၁၅၀၀) မီးမျှောပူဇော်ပွဲကျင်းပမည်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ သမိုင်းဝင်တန်ခိုးကြီး ဘုရားဖြစ်သည့် ရွှေမဉ္ဇူ(အင်းတော်ကြီး)ရေလယ်ဘုရား၏ အင်းရေပြင်၌ သီတင်းကျွတ်လပြည့်ညတွင် ဆီမီး(၁၅၀၀)မီးမျှောပူဇော်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြင်စလူမြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါ ကူးစက်မှုကာကွယ်ထိန်းချုပ်နိုင်ရေး Mask Campaign ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် မြို့စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများစုပေါင်း၍ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်မှုကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် Mask Campaign ကို ယနေ့ နံနက် ၈ နာရီ အချိန်က ပြုလုပ်ခဲ့သည်။

မချမ်းဘော့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Mask (ပါးစပ်နှင့်နှာခေါင်းစည်း)များ တပ်ဆင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ရေး Mask (ပါးစပ်နှင့်နှာခေါင်းစည်း)များ စနစ်တကျ တပ်ဆင်ရေး၊ လက်များ မကြာခဏ ဆေးကြောခြင်းနှင့် လူစုလူဝေးရှိရာ နေရာများသို့ သွားလာခြင်းများ မပြုလုပ်ကြရန် အသိပညာပေးခြင်းနှင့် Mask (ပါးစပ်နှင့်နှာခေါင်းစည်း) အခမဲ့ဖြန့်ဝေခြင်းများကို စက်တင်ဘာ ၄ ရက် နံနက် ၆ နာရီက မြို့မစျေးနှင့် ဂူဘားလမ်းလမ်းဆုံတို့၌ ဆောင်ရွက်ခဲ့သည်။

မချမ်းဘော့၌ ဆရာ ဆရာမများနှင့် ကျောင်းသူ ကျောင်းသားများ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့အမှတ် (၃)ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းမှ ဒုလယ်ပြ ဆရာမသည် အောက်တိုဘာလ ၃ ရက် နံနက် ၉ နာရီအချိန်တွင် နေ​မကောင်းပါသဖြင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနသို့ သွားရောက်၍ ဆေးခန်းပြသရာ ကျန်းမာရေးဆရာမမှ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ

မောက်မယ်မြို့၌ လ.ဝ.ကမြို့နယ်ဦးစီးမှူးရုံးမှ ပြည်သူများသို့ အသိပေးထုတ်ပြန်ချက်များအား ကြော်ညာဗီနိုင်းပိုစတာများဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူဝင်ကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ၆၆/၆(အထစ)နှင့်ပတ်သက်၍ ပြည်သူများသို့အသိပေးထုတ်ပြန်ချက်များအား သိရှိနိုင်ရန် ကြော်ညာဗီနိုင်းပိုစတာများ ဖြန့်ဝေကပ်နှံခြင်းများကို ယမန်နေ့ညနေ ၃ နာရီက ဆောင်ရွက်ခဲ့ကြသည်။

သာပေါင်းမြို့နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့မှ မြို့အဝင်၊ အထွက်ဂိတ်များတွင် စဉ်ဆက် မပြတ် ကြပ်မတ်စစ်ဆေးအရေးယူ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့တို့က ကြပ်မတ်စစ်ဆေးခြင်းများကို ယမန်နေ့ နံနက် ၇ နာရီ အချိန်မှစတင်၍ ကွက်ပြင်ကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာရှိ (ပိန္နဲကုန်းဂိတ်) မြို့အဝင်၊ အထွက် စစ်ဆေးဂိတ်တွင် အရေးယူဆောင်ရွက်ကြသည်။

သီပေါမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများနှင့်မြို့ပေါ်ရပ်ကွက်များသို့ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လောင်းလုံး မြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါကူးစက်မှုမရှိလာစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် ပူးပေါင်းအဖွဲ့များဖြင့် Mask Campaign လှုပ်ရှားမှုဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့ပေါ်ရပ်ကွက်များနေပြည်သူများ ခရီးသွားပြည်သူများ ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေးအနေဖြင့် အပြင်ထွက်တိုင်း Mask တပ်ဆင်အသုံးပြုသည့် အလေ့အထများရရှိစေရန် Mask Campaign အသိပညာပေးလှုပ်ရှားမှုကို ယနေ့နံနက်ပိုင်းကပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့ ဒေါင့်ကြီးကျေးရွာအုပ်စု၌ တောင်သူများနှင့်တွေ့ဆုံ၍ ဆောင်းသီးနှံနေကြာ တိုးချဲ့စိုက်ပျိုးရေးနှင့် အသိပညာပေးဆွေးနွေးပွဲများပြုလုပ်

ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ ဒေါင့်ကြီးကျေးရွာအုပ်စု၌ ရေကြည်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးသန်းချစ်အေး ဦးဆောင်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ၊ တောင်သူများနှင့်တွေ့ဆုံ၍  စီမံကိန်းဝင်နေကြာသီးနှံနှင့် အခြားပဲမျိုးစုံအား လျာထားချက်ပြည့်မီကျော်လွန်စွာ စိုက်ပျိုးရေးအပြင် သက်ဆိုင်ရာ ကဏ္ဍအလိုက် အသိပညာပေးဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသည်။
Subscribe to