ကန့်ဘလူမြို့နယ်တွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ယနေ့နံနက် ၈ နာရီက မွေးကင်းစမှ အသက် တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပေါင်းတည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကြက်ခြေနီအသင်းဖွဲ့စည်းခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကြက်ခြေနီအသင်းက မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများတွင် ကျောင်းကြက်ခြေနီများပြန်လည်ဖွဲ့စည်းခြင်းကို ယမန်နေ့နံနက်က ပျဉ်းပင်ကန်ရပ်ကွက်ရှိ မှတ်တိုင်လမ်း၊ အလက(ခွဲ)ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် “ကမ္ဘာ့ဆရာများနေ့” အထိမ်းအမှတ်အဖြစ် မြတ်ဆရာ ကန်တော့ပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့ အခြေခံပညာ အထက်တန်းကျောင်း (နဝရတ်) ခန်းမတွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၅) ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့ဆရာများနေ့”ကို ဂုဏ်ပြုသောအားဖြင့် မြတ်ဆရာ ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

တောင်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်သာမြို့နယ် မီးသတ်ဦးစီးဌာနမှကြီးမှူးကျင်းပသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ကြောင်းသိရသည်။                       

ပေါင်းတည်မြို့၌ ကျောင်းကြက်ခြေနီအသင်းဖွဲ့စည်းခြင်း အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မှတ်တိုင်လမ်း အ.လ.က(ခွဲ)ကျောင်းတွင် ကျောင်းကြက်ခြေနီအသင်းဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌  မြေပြင်လူဦးရေစာရင်းဆိုင်ရာ အချက်အလက်များ ပြည့်စုံမှန်ကန်ရေး တာဝန်ရှိသူများက ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး

ရခိုင်ပြည်နယ် မောင်တောမြို့၌  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးဆောင်၍ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်ရေး အခြေခံလူဦးရေးစာရင်းနှင့် မြေပြင် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ်  အောင်မြေဗောဓိရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။

ကန်ကြီးထောင့်မြို့နယ်တွင် ယာဥ်အန္တရာယ် အသိပညာပေးဆိုင်းဘုတ်များစိုက်ထူ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပြည်သူများ ယာဥ်အန္တရာယ် ကင်းရှင်းစေရေးအတွက် အသိပညာပေး ရပ်၊ ကြည့်၊ သွား ဆိုင်းဘုတ်များအား အောက်တိုဘာလ ၃ ရက်နေ့ ညနေ က ပုသိမ် ရန်ကုန်ကားလမ်းမကြီး လမ်းဘေးဝဲယာရှိ ကျေးရွာများတွင် စိုက်ထူခဲ့ကြကြောင်းသိရှိရသည်။

လှိုင်းဘွဲမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်စက်ပြင်သင်တန်း အခမဲ့သင်ကြားဖွင့်လှစ်

ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊လှိုင်းဘွဲမြို့နယ်၌ ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လှိုင်းဘွဲမြို့နယ်အတွင်း လူငယ်များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်စက်ပြင်သင်တန်း အခမ်းအနားကို ယမန်နေ့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။

ငါးသိုင်းချောင်းမြို့၌ အသက် ၈၅ နှစ်အထက်အဘိုးအဘွားများအား လူမှုရေးပင်စင်ငွေများ ထောက်ပံပေးအပ်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဉီးစီးဌာနက သက်ကြီးဘိုးဘွားများ ကျန်းမာသန်စွမ်း၍ အဟာရပြည့်ဝစွာ စားသောက်နေထိုင်နိုင်ရေးအတွက် ရည်ရွယ်၍ ယမန်နေ့က ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ မြို့မရပ်ကွက်၊ အောင်ဆန်းရပ်ကွက်နှင့် ဒေါင့်ကြီးကျေးရွာအုပ်စုတို့ရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွား (၉၈)ဉီးအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။

တစ်ပိုင်တစ်နိုင် ဒေသကြက်(ခေါ်)ဗမာကြက်များ မွေးမြူရေးလုပ်ငန်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ စားဝတ်နေရေးအဆင်ပြေ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့သည် တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းကိုအဓိကထား လုပ်ကိုင်သည့်မြို့ဖြစ်ပြီး အဆိုပါလုပ်ငန်းနှင့်တွဲဖက်၍ တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိရာ ဒေသကြက်( ခေါ်) ဗမာကြက်များ ဈေးကောင်းပေးဝယ်နေ၍ ကြက်မွေးမြူသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Subscribe to