သဲကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောပွဲ ကျင်းပ

သဲကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဝန်ထမ်းများက (အ.ထ.က )သဲကုန်းကျောင်းတွင် ယမန်နေ့ကစာဖတ်ရှိန်မြင့်မားရေး လှုပ်ရှားမှုအဖြစ် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့သည်။

သံတောင်ကြီးမြို့နယ်တွင် ဒေသထွက်ချဉ်ပေါင်ဖာလာများ ဈေးနှုန်းကျဆင်း

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများမှာ ဉယျာဉ်ခြံလုပ်ငန်းကို  အဓိကလုပ်ကိုင်လျက်ရှိရာ  ချဉ်ပေါင်ဖာလာပင်စိုက်ပျိုးခြင်း လုပ်ငန်းသည်လည်း  တစ်ခုအပါ အဝင်ဖြစ်သည်။ သံတောင်ကြီးဒေသတွင် ဒေသခံပြည်သူများမှာ  အဓိကစီးပွားရေးလုပ်ငန်းအဖြစ် ဖာလာပင်စိုက် ပျိုးခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ယခု‌ အောက်တိုဘာလပထမပတ်တွင် ဖာလာဈေးနှုန်း များကျဆင်းလျက်ရှိကြောင်းသိရသည်။

မွန်ပြည်နယ်အတွင်း စက်မှုဇုန်များ၊ စက်ရုံစုများ အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း

မွန်ပြည်နယ်အတွင်း ​ဒေသတွင်း လူမှုစီးပွားဘဝ​ဖွံဖြိုးတိုးတက်​စေ​ရေး ဒေသ​နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ​ဖော်​ဆောင်​ပေးနိုင်​ရေး ရည်ရွယ်​၍ စက်မှုကဏ္ဍအောင်မြင်ဖြစ်ထွန်း​စေ​ရေးအတွက် ​ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ​ယမန်နေ့၊ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ​အောင်ဆန်းခန်းမ၌ မွန်ပြည်နယ်အတွင်း စက်မှုဇုန်များ၊ စက်ရုံစုများ အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာတွင်

ဘားအံမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး Mask Campaign ပြုလုပ်ခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း စဉ်ဆက်မပြတ်ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့်  ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ စုပေါင်းရုံး ရှေ့တွင် Mask Campaign ပြုလုပ်ခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်တွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး(မွမ်းမံ) ၁/၂၀၂၂ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မီးသတ်ဦးစီးမှူးရုံး၌ ပြုလုပ်ခဲ့သည်။

စဉ့်ကူးမြို့နယ်တွင် မွေးကင်းစမှ တစ်နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ အား လစဉ်ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် မွေးကင်းစမှတစ်နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန် ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ် ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယမန်နေ့နံနက်ပိုင်းမှ ညနေပိုင်းအထိ ဆောင်ရွက်ပေးခဲ့သည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ဒေသမျိုးဖြစ်သည့် ထောပတ်သီးစျေးကောင်းရရှိနေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အမြင့် ၃၈၈၀ ပေ ရှိပြီး၊ စိုက်ပျိုးရေးကို အဓိကထားအသက်မွေးဝမ်းကျောင်းပြုကြ၍ အေးချမ်းသာယာသည့် တောင်ပေါ်ဒေသဖြစ်သည်။ ဓနုလူမျိုးအများစု နေထိုင်ကြပြီး၊ ပအိုဝ်း၊ ပလောင်၊ ကရင်၊ ရှမ်း၊ မွန်နှင့်ဗမာ စသည်တို့ နေထိုင်ကြပြီး၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ ရှေးဟောင်းစေတီ၊ တန်ခိုးကြီးဘုရားများဖြင့် ပြည်တွင်း ပြည်ပ ဘုရားဖူးဧည့်သည်များ အထူးစိတ်ဝင်တစားလာရောက် လည်ပတ်လေ့ရှိရာမြို့ဖြစ်သည်။

ကံမမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်း(၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ် မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်း(၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကို   မြို့နယ်ခန်းမ၌   ယမန်နေ့ ညနေ ၄ နာရီက  ကျင်းပပြုလုပ်ရာ   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်မီးသတ် ဦးစီးမှူးနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။  

ကွတ်ခိုင်မြို့ လူထုအခြေပြုဗဟိုဌာန၌ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်း‌ရေး (Talk Show) ဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပသည်။

ကလောမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြုပြင်ခြင်း သင်တန်းဖွင့်လှစ်

ကျေးလက်နေ ဒေသခံပြည်သူများအား အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပညာရပ်များသင်ကြားတတ်မြောက်ပြီး မိမိတို့ရပ်ရွာဒေသအတွင်း တစ်နိုင် တစ်ပိုင် စီးပွားရေးလုပ်ငန်များ ဆောင်ရွက်ခြင်းဖြင့် မိသာစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောခရိုင်၊‎ ကလောမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု
Subscribe to