ပြည်မြို့နယ်တွင် ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်သွားလာရေးနှင့် ဆိုင်ကယ်မောင်းနှင်စီးနှင်းသူများ ဆိုင်ကယ်ဦးထုပ် စနစ်တကျ တပ်ဆင်ရေး အသိပညာပေး ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများပူးပေါင်းပြီး ယမန်နေ့မွန်းလွဲပိုင်းက ဗိုလ်ချုပ်လမ်းမြို့မရဲစခန်းရှေ့၌ နှာခေါင်းစည်း Mask များနှင့် ဆိုင်ကယ်မောင်းနှင်သူများ ဆိုင်ကယ်စီးဦးထုပ်များ စနစ်တကျ တပ်ဆင်မောင်းနှင်ကြရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ရွှေလက်လှစေတီတော်၌ အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော်ကောင်စီကကြီးမှူးကျင်းပသည့် ဒက္ခိဏသီရိမြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ရွှေလက်လှ စေတီတော်၌ကျင်းပရာ ဒက္ခိဏသီရိမြို့နယ်၊ သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ညောင်ကုန်းကျောင်းတိုက် ပဓနနာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိတ အရှင်သူမြတ်အမှူးပြုသည့် ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

စလင်းမြို့နယ် စလင်းတမံရေပိုလွှဲမှ‌ ရေများဆက်လက်စီးဆင်းကျော်ကျ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ စလင်းရေလှောင်တမံအတွင်း စက်တင်ဘာနောက်ဆုံးပတ်မှ ယနေ့အထိ မိုးအဆက်မပြတ်ရွာသွန်းခဲ့သဖြင့် ယနေ့နံနက် ၆ နာရီအချိန်အထိ စလင်းတမံရေပိုလွှဲမှ ရေများစီးဆင်းကျော်ကျလျက်ရှိကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

အုတ်ဖိုမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး

ကျောင်းသား၊ ကျောင်းသူများ အသိပညာဗသုသုတများတိုးပွားလာစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိလာစေရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီ ၃၀ အချိန်က အ.မ.က လယ်ပြင် ကျောင်းတွင် ပြုလုပ်ခဲ့သည်။

နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မက်မန်းမြို့၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသိပညာပေး(Talk Show) ရိုက်ကူးထုတ်လွှင့်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show)ကို ယနေ့ နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ ပြုလုပ်သည်။

သဲကုန်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက်ကန်တော့၍ တိုင်းရင်းဆေးဖြင့် ကွင်းဆင်းကုသ

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ အမျိုးသမီးရေးရာအဖွဲ့မှ သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက်ကန်တော့၍ တိုင်းရင်းဆေးကုဌာနမှ  တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းကုသခြင်းကို  ယမန်နေ့က ရပ်ကွက်(၄)တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရွှေပြည်သာမြို့နယ်၌ Mobile စနစ်ဖြင့် စာငှားခြင်းလုပ်ငန်းများဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးအနေဖြင့် ပြည်သူများအသိပညာတိုးပွားစေရန်နှင့် စာဖတ်သည့်အလေ့အထကောင်းများရရှိစေရန် Online ပုံပြောခြင်းအစီအစဉ်များ၊ စာအုပ်မိတ်ဆက်ခြင်းများ၊ ကဗျာရွတ်ခြင်များကို online မှ တစ်ဆင့်ဆောင်ရွက်ပေးလျက်ရှိပြီး စာအုပ်စာစောင်များပြည်သူ့စာကြည့်တိုက်သို့ လာရောက်မဌားရမ်းနိုင်သည့်ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများအား mobile စနစ်ဖြင့် စာအုပ်များသွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

မုဒုံမြို့နယ် ဝင်းစိန်တောရ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်များ နေ့စဉ်အခမဲ့ လှူဒါန်းဖြန့်ဖြူးပေး

မွန်ပြည်နယ် မုဒုံမြို့နယ် ဝင်းစိန်တောရကျောင်းဝင်းအတွင်းရှိ ရဟန်းရှင်လူ ပြည်သူများ ထည့်ဝင်လှူဒါန်းမှုဖြင့် တည်ဆောက်ထားသည့် အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်အိုးများကို နေ့စဉ်မပြတ် အခမဲ့ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
Subscribe to