ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု ၆၃၆၇၅၆ ဦးထိုးပေးနိုင်ပြီဖြစ်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေးထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ ၆၃၆၇၅၆ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံက သိရသည်။

သန်လျင်အထက ၂ အာစရိယပူဇော်ပွဲကျင်းပ

သန်လျင်မြို့ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ၏ အာစရိယပူဇော်ပွဲကို ယမန်နေ့ နံနက်တွင် ယင်းကျောင်းရှိ ဘိုးရာဇာဘက်စုံခန်းမ၌ ကျင်းပသည်။

ချမ်းမြသာစည်မြို့နယ် Community Centre ခန်းမတွင်  "လူငယ်နှင့်သုတ/ရသ စာပေ"အကြောင်း အသိပညာပေး ဆွေးနွေးပွဲပြုလုပ်

ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး ရည်ရွယ်ချက်ဖြင့် "လူငယ်နှင့်သုတ/ရသစာပေ"အကြောင်း အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပဆောင်ရွက်မှုကို  ယနေ့နံနက် ၁၀ နာရီက ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre တွင်ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်တန်းမြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ယခင်ကထက် မီးသတ်စွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေးစွမ်းရည်များ ပိုမိုကျွမ်းကျင်စွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍

ခရမ်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ လေ့ကျင့်ရေး( မွမ်းမံ )သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်း​ဒေသကြီး​၊​ သန်လျှင်ခရိုင်၊​ ခရမ်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ​လေ့ကျင့်​ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ခရမ်းမြို့အမှတ် (၃)ရပ်ကွက် မြို့နယ် မီးသတ်ဦးစီးမှူးရုံး ခန်းမ၌ ကျင်းပခဲ့သည်။

မယ်စဲ့မြို့နယ်တွင် တောင်ကျရေ တိုက်စားမှုကြောင့် ပျက်စီးသွားသောတံတားအား ပြင်ဆင်ကာ မော်တော်ယာဉ်များ သွားလာနိုင်ရေး ဆောင်ရွက်

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ် နမ့်ပိန်းလင်ကျေးရွာတွင် တောင်ကျရေ တိုက်စားမှုကြောင့် မယ်ပါချောင်းတံတား ပျက်စီးမှုအား မြို့နယ်လမ်းဦးစီးဌာနက ပြင်ဆင်ကာ မော်တော်ယာဉ်များ သွားလာနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မိုးမခသက္ကယ်ကျေးရွာအုပ်စု၊ သက္ကကျေးရွာ၊ ဥတ္တမဓမ္မရက္ခိတာရာမကျောင်းတိုက် အတွင်းရှိ ဓမ္မာရုံ၌  ယနေ့ နံနက် ၁၀ နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်း ဦးဆောင်သော စစ်ကြောင်းကြီး(၅)ကြောင်းမှ ဒေသခံပြည် သူများနှင့်တွေ့ဆုံ၍ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန( Community Centre  )ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲ ၃နာရီအချိန်က စာပေမြတ်နိုးသူများအဖွဲ့(Book Club)နှင့်စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်း ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပြည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အသက်မွေဝမ်းကြောင်း အထောက်အကူပြုလုပ်ငန်း အခြေခံအပ်ချုပ်စက်သင်တန်း ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့နယ် ဘန့်ပြင်အုပ်စု ဘန်ပြင်ကျေးရွာဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။
Subscribe to