ပုဇွန်တောင်မြို့နယ်ရှိ ကွက်သစ်လမ်း၊ အိမ်ကြီးလမ်းနှင့် ပုဇွန်တောင်ဈေးများတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် Hand Speaker ဖြင့် အသိပေးနှိုးဆော်
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ အိုမီခရွန် မျိုးရိုးဗီဇပြောင်း BA-5 ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိလာစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရန် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ လမ်းညွှန်မှုဖြင့် လက်ထောက်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ဝန်ထမ်းများသည် ယနေ့နံနက် က လူစည်ကားရာနေရာများဖြစ်သော ကွက်သစ်လမ်း၊ အိမ်ကြီးလမ်းနှင့် ပုဇွန်တောင်စျေးများတွင် ပျံကျဈေးသည်နှင့် ဈေးဝယ်များအား Hand Speaker ဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။