တွံတေးမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ ဆီထွတ်သီးနှံ နေကြာစိုက်ပျိုးရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ပြုလုပ်
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် တွံတေးမြို့နယ်၏ အုပ်ချုပ်ရေးစစ်ကြောင်းလှုပ်ရှားမှုအနေဖြင့် တွံတေးမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီမှ ဆီထွတ်သီးနှံ (နေကြာ)မျိုးစေ့ရရှိရေး စိုက်ဧကပြည့်မီရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀:၃၀ အချိန် က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။