ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက်(၂)လမှ တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် အသက်(၂)လမှ (၁)နှစ်ခွဲထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ကျန်းမာ ရေးဦးစီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်ဒေသန္တရ ကျန်းမာရေးဌာနများဖြစ်သော အမှတ် (၃၆)၊ အမှတ်(၄၈)၊ အမှတ်(၅၀) ဆေးခန်းများတွင် ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။