မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့်နှင့် Booster ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီမှစ၍ မယ်လမုသာသနာ့ဗိမာန်တော်၊ (ဌ)ရပ်ကွက်ဓမ္မဝိသုဒ္ဓိဓမ္မာရုံ၊ ရွှေပေါက်ကံကျန်းမာ‌ရေးဌာန၊‌ မြောက်ဥက္ကလာပ‌ဒေသန္တရတို့တွင် ဆက်လက်ထိုးနှံဆောင်ရွက်ပေးကြောင်း သိရသည်။

မိုင်းတုံမြို့နယ်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနရှိ Community Centre ခန်းမ၌ မသန်းစွမ်းသူများ အခွင့်အရေး အသိပညာပေး Talk Show ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၁:၃၀) နာရီအချိန်က ကျင်းပခဲ့သည်။

မူကြိုအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ မူကြိုအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

မိုင်းဖြတ်မြို့နယ်၌  သတ္တမအကြိမ်မြောက်နှစ်ကျိပ်ရှစ်ဆူ ဝင်္ကဘာမီးထွန်းပွဲတော်ဖဲကြိုးဖြတ် ဖွင့်လှစ်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် ဈေးတန်း(ကွက်သစ်)ရပ်ကွက်ရှိ စိတ္တသုခကျောင်းတိုက် ဝန်းအတွင်း၌ သတ္တမအကြိမ်မြောက်   နှစ်ကျိပ်ရှစ်ဆူ ဝင်္ကပါမီးထွန်း ပွဲတော်ကို ၂၀၂၂ခုနှစ် ယမန်နေ့ ညနေ ၅ နာရီက ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မူဆယ်မြို့တွင် တရုတ်ငွေဈေး အနည်းငယ်ပြန်တက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ယမန်နေ့နံနက်ပိုင်း၌ တရုတ်ငွေ လဲလှယ်နှုန်းသည် (၂၄၀)ယွမ်ကို ကျပ်(၁)သိန်းအထိ အနည်းငယ် ပြန်တက်လာကြောင်း သိရပါသည်။

မိုးမိတ်မြို့တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် တောင်ကိုင်းကျေးရွာအုပ်စု ဒိုးပင်ကျေးရွာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီးငါးကြောင်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

လွိုင်လင်မြို့၌ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများကို နေမင်းရောင်ကုမ္ပဏီမှ ပြည်ထောင်စုလမ်းမကြီးနှင့် မွေတော်ကျောင်းလမ်း လမ်းဆုံနေရာ၌ ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်နေကြောင်း သိရသည်။

ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဓါတ်ပုံရိုက်ကူးတည်းဖြတ်နည်း သင်တန်း (၂/၂၀၂၂) ဆင်းပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း)လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဓါတ်ပုံရိုက်ကူးတည်းဖြတ်နည်း သင်တန်း (၂/၂၀၂၂) ဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ကြီးမြို့နယ် အ.ထ.က(ခွဲ)ကျောင်းသို့ ကိုဗစ်- ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးလှုပ်ရှား ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် အ.ထ.က(ခွဲ) ပဲခူးရပ်ကျောင်းသို့ ယနေ့နံနက် ၈ နာရီအချိန်ခန့်တွင် ကိုဗစ်- ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုမှကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးလှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား နယ်အရန်ယူနီဖောင်းများ ခွဲဝေပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့များအားအတွက် နယ်အရန်ယူနီဖောင်းများ ခွဲဝေပေးအပ်ပွဲကို ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံးခန်း၌ ပြုလုပ်ခဲ့သည်။
Subscribe to