ကျောက်ဆည်မြို့နယ် မြောင်းဦးကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ Steel Structure (၁)ထပ်ကျောင်းဆောင် အသစ်(၁)ဆောင် ဆောက်လုပ်ပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် မြောင်းဦးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် အခြေခံပညာရေးကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းဆောင်လိုအပ်ချက်အရ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် Steel Structure (၁)ထပ် ကျောင်းဆောင်အသစ်(၁)ဆောင် ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ လက်ဝယ်အရောက် ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှရရှိသော ဗဟုသုတတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်မငှားရမ်း နိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ လက်ဝယ်အရောက်

ကျောက်တံတားမြို့နယ်တွင် ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ဝယ်ယူနိုင်ရေး  ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝစားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို

ကလိန်အောင်မြို့တွင် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးတိုက်ကျွေးခြင်းများဆက်လက်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးသူငယ်များအား ကျန်းမာ ရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဆေးတိုက်ကျွေးခြင်းကို‌ ယနေ့နံနက် ၉ နာရီ အချိန်က ကလိန်အောင်မြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

မိတ္ထီလာမြို့ ဓမ္မသုခရွှေစည်းခုံစေတီတော်တွင် (၈)ကြိမ်မြောက် ဆီမီးထွန်းညှိပူဇော်ပွဲကျင်းပမည်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ ဓမ္မသုခရွှေစည်းခုံစေတီတော်တွင် (၈)ကြိမ်မြောက် ဆီမီးထွန်းညှိပူဇော်ပွဲကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အောက်တိုဘာလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ သုံးရက်တိုင်တိုင်  ထွန်းညှိပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်တွင် ရပ်ကွက်နေပြည်သူများ၊ သံဃာတော်များနှင့်သီလရှင်များအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးထိုးနှံ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသူ ရဟန်း၊ သံဃာများနှင့်ပြည်သူများအား   မုန့်လုပ်ဆောင်းကုန်း/ တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ

သထုံခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ပြုလုပ်

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာများအသင်းတို့ ပူးပေါင်းကာ ယမန်နေ့၊ မွန်းလွဲပိုင်းက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ခဲ့ကြသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်သူများအား ဆန်၊ ဆီ ၊ ကြက်ဥ များရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၀န်ထမ်းများမှ ယမန်နေ့နံနက်(၇)နာရီ၌ အမှတ်(၇)ရပ်ကွက်၊ ဖိုးရာဇာလမ်းနှင့် မြို့မငြိမ်းလမ်းထောင့်တို့တွင် အခြေခံလူတန်းစားပြည်သူများကို စားဝတ်နေရေးအဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်ဖြစ်သော ဆန်၊ ဆီ၊ ကြက်ဥများအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။

မုံရွာတက္ကသိုလ်၌ ၂၀၂၂ ခုနှစ်ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ကန်တော့ပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် အောက်တိုဘာလ ၅ ရက်နေ့၌ ကျရောက်မည့်  ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲအား ယနေ့  နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့မွန်းလွဲ (၁)နာရီ (၃၀)မိနစ်အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ပူးပေါင်းပြီး အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာအသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to