ရွှေကျင်မြို့တွင် (၁၇၁)ကြိမ်မြောက် မီးမျှောပွဲတော်တွင် ပူဇော်နိုင်ရေးအတွက် မီးကြာခွက်များကြိုတင်ပြင်ဆင်

ရွှေကျင်မြို့တွင် (၁၇၁)ကြိမ်မြောက် မီးမျှောပွဲတော်တွင် မီးကြာခွက်များရောင်းချနိုင်ရေးအတွက် ရောင်စုံမီးကြာခွက်များအား ပညာ့ဗိမာန်ပရဟိတဘုန်းတော်ကြီးကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများကကြိုတင်ပြုလုပ်ဆောင်ရွက်နေကြကြောင်းသိရသည်။

မြဝတီခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေး(Talk Show)ကျင်းပ

ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ယနေ့နံနက် ၉နာရီခွဲအချိန်က ဆောင်ရွက်ကြောင်းသိရသည်။

လက်ပံတန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဝန်ထမ်းများက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့က စာဖတ်ရှိန်မြင့်မားရေးလှုပ်ရှားမှုအဖြစ် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောပွဲကျင်းပခဲ့သည်။

ဟားခါးမြို့တွင် ကျင်းပပြုလုပ်သည့် ၅၈ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွင်းထန် တက်ရောက်

၂၀၂၂ ခုနှစ် ၊ အောက်တိုဘာလ ၁ ရက်နေ့တွင်ကျရောက်သည့် ၅၈ နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အခမ်းအနားကို အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၉ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးဝင်းအတွင်းရှိ ရဲဇာနည်ခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွင်းထန် တက်ရောက် အမှာစကားပြောကြားသည်။အခမ်းအနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွင်းထန်၊ ချင်းပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်  ဦးနေစိုး၊  အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊  တပ်ဖွဲ့ဝင်မိသားစုများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

သနပ်ပင်မြို့နယ်၌ ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး/ ဆေးတိုက်ခြင်းလုပ်ငန်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွားများရှိ အသက်(၂)လမှအသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းက  မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ထိုးနှံပေးကြောင်းသိရသည်။

ကော့ကရိတ်မြို့၌ ကမ္ဘ့ာဆရာများနေ့အထိမ်းအမှတ် အသိပညာပေး Talk Showပြုလုပ်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးအငြိမ်းစားဝန်ထမ်းတို့ ပူးပေါင်း၍ အောက် တိုဘာ (၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show)ကို ယမန်နေ့နံနက် ၁၁နာရီခွဲအချိန်က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ သည်။

အမာမြို့၌ အသက်(၁၅)နှစ်မှ အသက်(၁၈)နှစ်အထိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်နှင့် အသက်(၁၈)နှစ်အထက် ကာကွယ်ဆေး(၂)ကြိမ် ထိုးနှံပြီးသူများကို ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊  မြို့မ(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူများအား ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က စတင်ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၅၅)ရပ်ကွက်တွင် အခြေခံစားသောက်ကုန်များ ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁၅၅) ရပ်ကွက်၊ အောင်မင်္ဂလာ(၂)လမ်းတွင် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သော ဆန်၊ ဆီ၊ ကြက်ဥများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ ပြည်သူများလက်ဝယ်အရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

မုံရွာမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ နှင့် အားကစားပစ္စည်းများပေးအပ်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့်လူငယ်ရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်လေးများ အသိပညာ၊ အလိမ္မာတိုးပွားရေး၊ အားကစားဖြင့်ကျန်းမာကြံ့ခိုင်ရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်စေရေး ရည်ရွယ်ကာ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မုံရွာမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း မြသလ္လာခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ စားသုံးဆီဖူလုံမှုရှိစေရန် နေကြာသီးနှံ(၅၀)ဧက စိုက်ပျိုးသွားမည်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့သည်  တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းကိုအဓိကထား လုပ်ကိုင်ဆောင်ရွက်သည့်မြို့ဖြစ်ရာ စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာများနှင့် မျိုးစေ့များကူညီပံ့ပိုးမှုဖြင့် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံရေးရည်ရွယ်၍ နေကြာသီးနှံ (၅၀)ဧကစိုက်ပျိုးရန် လျာထားပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to