ရေဦးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Community Center ခန်းမတွင် ယမန်နေ့နံနက် ၈ နာရီက စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲကျင်းပခဲ့ရာ ကျောင်းသားကျောင်းသူ ၂၀ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

လိပ်သိုမြို့တွင် အသက် (၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဒုတိယသုံးလပတ်အတွက် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာသန်စွမ်းပြီး အဟာရပြည့်ဝစွာနေထိုင်နိုင်ရန်ရည်ရွယ်၍ လူမှုရေးပင်စင်ခံစားခွင့်ရှိသူ ဘိုးဘွားတစ်ဦးလျှင် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် (၃၀၀၀ဝိ/-)နှုန်းဖြင့်  ဘိုးဘွား(၄၉)ဦးအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် စတုတ္ထအကြိမ် ထပ်ဆောင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (၂၆၂၅)ဦးထိုးနှံပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊   ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးပေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီက စတုတ္ထအကြိမ်ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး (၂၆၂၅)ဦး ထိုးနှံပြီးဖြစ်ကြောင်း  သိရသည်။

ညောင်ဦးမြို့၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများဆက်လက် ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခြင်းအား ယနေ့နံနက် ၉နာရီ အချိန်မှစတင်ပြီး ညောင်ဦးမြို့ ရပ်ကွက် /ကျေးရွာများသို့ဆက်လက်ရောင်းချပေးနေကြောင်းသိရသည်။

အမရပူရမြို့နယ် စာတိုးကျေးရွာ၌ ပန်းခင်းစီမံချက်အဆင့်၂ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် ၂၀၂၃အတွက် မြေပြင်မဲစာရင်းမဲဆန္ဒရှင် မှန်ကန်ရေးတိုက်ဆိုင်စစ်ဆေးခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် စာတိုးတွင်ကျေးရွာအုပ်စု၊ စာတိုးကျေးရွာ အောင်သုခဓမ္မာရုံတွင် ယနေ့နံနက် ၉ နာရီအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ အမရပူရမြို့နယ် ဦးစီးမှူးရုံးက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်မရှိသေးသော ကျေးရွာသူ၊ ကျေးရွာသားများကိုပန်းခင်း စီမံချက်အဆင့် ၂ ဖြင့်ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် ၂၀၂၃ မြေပြင်မဲစာရင်းမဲ ဆန္ဒရှင်စာရင်းမှန် ကန်ရေးတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ပေးခဲ့သည်။

ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး၍ လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ ဖြိုး ရေးနှင့် ဆင်းရဲမှုလျော့ချရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကွီးလေးကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဇွန်လပထမပတ်မှစ၍ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာမှ ယခုအချိန်တွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်ရေးတိုးတက်ကောင်းမွန်လာကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)မိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီရွေးချယ်

ပဲခူးတိုင်းဒေသကြီး ၊ ပေါက်ခေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရသေ့ကျေးရွာနှင့်ရှားစီးဖိုကျေးရွာသို့ ယမန်နေ့က မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများကသွားရောက်ကာ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ဖွဲ့စည်းခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့်မွေးစမှ အသက်(၂)နှစ် အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ကော့သောင်းမြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက်ရည်ရွယ်၍ မွေးစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ အားကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက အေးရိပ်ငြိမ်ရပ်ကွက်အတွင်း  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် သဘာဝအပင်အားဆေး ပြုလုပ်နည်းလက်တွေ့သရုပ်ပြခြင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းကို မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးဦးစီး၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျေးရွာများအရောက်လစဉ်တစ်လလျှင်(၁၀)ရွာရွေးချယ်ကွင်းဆင်း၍ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင် ရွာမအုပ်စု၊ ပွေးယားကျေးရွာ၊ ပွေးယားဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့လူထုအခြေပြုဗဟိုဌာနတွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Woman Club)အဖွဲ့တို့ပူးပေါင်း၍ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to