ကရသူရိမြို့တွင် တစ်ပိုင်တစ်နိုင် ငရုတ်သီးစိုက်ပျိုး/ရောင်းချမှုကြောင်း မိသားစုအပိုဝင်ငွေရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့တွင်တစ်ပိုင်တစ်နိုင် ငရုတ်သီးစိုက်ပျိုး/ ရောင်းချမှုဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်းသိရသည်။

တံတားဦးမြို့တွင်အသက်(၆၅)နှစ်အထက် အငြိမ်းစားဆရာ/မများအား အိမ်အရောက်ပူဇော်ကန်တော့

၂၀၂၂-ခုနှစ် အောက်တိုဘာလ(၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အဖြစ် တံတားဦးမြို့ရှိ အသက်(၆၅)နှစ် အငြိမ်းစားဆရာ/မများအား တံတားဦးမြို့ လက်ရှိတာဝန်ထမ်းဆောင်နေသော ဆရာ/မများကအိမ်အရောက် လိုက်လံပူဇော်ကန်ခြင်းကို ယနေ့နံနက် (၉)နာရီက ဆောင်ရွက်ကြကြောင်း သိရသည်။

ကွမ်းလုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်တွင် ဝန်ထမ်းရပ်ကွက် အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြော

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟော‌ပြောပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre  ခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

နတ်တလင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားနှင့်မြတ်ဆရာပူဇော်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားနှင့်မြတ်ဆရာပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က သာဇီရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ အ.ထ.က(နတ်တလင်း)ကျောင်း မနောဟဒယခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ညောင်ဦးမြို့နယ် တောင်ဘီကျေးရွာ အခြခံပညာအလယ်တန်းကျောင်းဝင်း စာသင်ကျောင်းဆောင်ပေါ်သို့လဲကျနေသည့်တမာပင်အားရှင်းလင်း

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပုဂံမြို့တောင်ဘီကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းဝင်းအတွင်း ယနေ့နံနက် ၁၀နာရီခွဲအချိန်က စာသင်ကျောင်းဆောင် ပေါ်သို့ တမာပင်လဲကျခဲ့ခြင်းကြောင့် ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ သွားရောက် ရှင်းလင်းပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။

နောင်ချိုမြို့နယ်တွင် Mobile Library ကွင်းဆင်း၍ စာအုပ်စာစောင်ငှားရမ်းခြင်းများဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဌာနအသီးသီးရှိ ဝန်ထမ်းများအား စာအုပ်စာစောင်များ အလွယ်တကူငှားရမ်း ဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက Mobile Library ကွင်းဆင်းငှားရမ်းပေးလျက် ရှိကြောင်း သိရသည်။

မန္တလေးမြို့၊ မန္တလာသီရိအားကစားကွင်း၌ အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (JOB Fair) အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (JOB Fair) ကို ယနေ့နံနက် (၁၀) နာရီက မန္တလာသီရိအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်ဒေသရုံး Community Centre ခန်းမတွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် Talk Show ကျင်းပပြုလုပ်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကို ပညာရေးဌာနနှင့် ပူးပေါင်းပြီး ယနေ့နံနက်(၁၁)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့တွင် ၂၀၂၂ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် အသက်(၇၀)နှစ်နှင့် အထက် သက်ပြည့်အငြိမ်းစားဆရာကြီး/ဆရာမကြီးများအား  ပူဇော်ကန်တော့ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၂-ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် အသက် (၇၀)နှစ်နှင့်အထက် သက်ပြည့်အငြိမ်းစား ဆရာကြီး/ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲကို ယနေ့နံနက်(၉)နာရီက အမှတ်(၂)အခြေခံ ပညာ အထက်တန်းကျောင်း ပညာဂုဏ် ရောင်ဓမ္မာရုံတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to