ဝမ်းတွင်းမြို့နယ် ဇောင်ချမ်းကုန်းကျေးရွာတွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက်မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့က ရွာတန်းကျေးရွာအုပ်စု၊ ဇောင်ချမ်းကုန်းကျေးရွာ (အ.ထ.က-ခွဲ)စာသင်ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။