ငဖဲမြို့နယ် ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေးခြံ(နတ်ရေကန်)တွင် ကော်ဖီပျိုးခင်း တည်ထောင်ခြင်းနှင့် ပျိုးထောင်ခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီရာသီ - သီးနှံဌာနခွဲ၊ ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေးခြံ (နတ်ရေကန်)တွင် တောင်ပေါ်ဒေသ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကော်ဖီတိုးချဲ့ စိုက်ပျိုးရေး စီမံချက်အား အထောက်အကူပြုစေရန် ရည်ရွယ်၍ ကော်ဖီပျိုးခင်း တည်ထောင်ခြင်းနှင့် ပျိုးထောင်ခြင်းလုပ်ငန်းများ စာတွေ့လက်တွေ့ ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ ကော်ဖီခြံတွင် ကျင်းပပြုလုပ်ခဲ့ရာ တောင်ပေါ်ကျေးရွာ(၁၀)အုပ်စုမှ ကော်ဖီစိုက်တောင်သူ (၅၆)ဦးတက် ရောက်ခဲ့ကြသည်။

ဖျာပုံမြို့နယ်၊ အပြောင်ကျေးရွာတွင် ပန်းခင်းစီမံချက်(၂)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အပြောင်ကျေးရွာအုပ်စုတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူ၊ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးဇော်လွင်နှင့် ဝန်ထမ်းများသည်" လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၂)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက် ခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က အပြောင်ကျေးရွာအုပ်စု၊ အမကကျောင်းတွင် ပြုလုပ်ပေးခဲ့ကြသည်။

မိုင်းဆတ်မြို့၌ နယ်လှည့်စာကြည့်တိုက်နှင့်အသိပညာပေး ဟောပြောပွဲကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယနေ့နံနက်(၁၀)နာရီက အ.မ.က(ဝိန်းဝိုင်)ကျောင်းသို့ နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စာဖတ်စာငှားမိဘပြည်သူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ် စာစောင်များအား အခမဲ့စနစ်တကျငှားရမ်းပေး

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မိဘပြည်သူများအား ပညာရေး ကျန်းမာရေး စီးပွားရေးလူမှုရေးနှင့် အခြားသောအထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး သိသင့်သိထိုက်သည်များကို သိရှိနားလည်လာနိုင်စေရေးအတွက် ဟောပြောပွဲများ နံရံကပ်စာ‌စောင်များနှင့် ဓာတ်ပုံပြပွဲများ စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် ကျေးလက်စာကြည့်တိုက်များ ဖွင့်လှစ်ခြင်းနှင့် စာဖတ်စာငှား ပြည်သူ့လက်ဝယ်အရောက် မိုဘိုင်းစနစ်ဖြင့်စာအုပ်စာ‌စောင်များအား စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်းသိရသည်။

ဘားအံမြို့ ပြည်နယ်ကျက်သရေဆောင် “သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီး”တည်ဆောက်ရေးအတွက် ဒုတိယအကြိမ် ညှိုနှိုင်းအစည်းအဝေးနှင့်အလှူငွေများ ပေးအပ်ခြင်းအခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ကြာအင်းတောင်ခြေရင်း၌ တည်ဆောက်လျက်ရှိသော ပြည်နယ်ကျက်သရေဆောင် “သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီး” တည်ဆောက်ပြီးစီးနိုင်ရေးအတွက် ဒုတိယအကြိမ် အလှူငွေများ လှူဒါန်းနိုင်ရေး အစည်းအဝေးနှင့်အလှူငွေများ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက လှိုင်းဘွဲမြို့မဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ဖျာပုံမြို့၌ မော်တော်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား ယာဉ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးဟောပြော

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကားကြီးဝန်း၊ မစကရုံး ခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အမှတ် (၈၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ဖျာပုံ)တို့ ပူးပေါင်း၍ မော်တော်ယာဉ်မောင်း များနှင့် ယာဉ်နောက်လိုက်များအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်း စေရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ရုံးခန်းမ၌ပြုလုပ်သည်။

ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပညာရေးမှူးရုံး၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ ပညာရေးမှူးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်းမတပ်သူများကို စစ်ဆေးအရေးယူ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အောက်စီဂျင်စက်ရုံရှေ့တွင် မြို့နယ်ကိုဗစ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ မြို့နယ်အတွင်း အပြင်ထွက်သွာလာရာ၌ နှာခေါင်းစည်း (Mask)စနစ်တကျ တပ်ဆင်နိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း မတပ်သူများအား စစ်ဆေးအရေးယူ ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီ တွင် ဆောင်ရွက်ခဲ့သည်။
Subscribe to