စလင်းမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ မြတ်ဆရာပူဇော်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၊ မြင်တင်ရပ်ကွက် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စလင်းမြို့နယ် ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသည့် ကမ္ဘာ့ဆရာများနေ့ မြတ်ဆရာပူဇော်ပွဲနှင့် တိုင်းအဆင့် ကမ္ဘာ့ဆရာများနေ့ စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းကို  ယနေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

အ.ထ.က ပိုင်ကျုံကျောင်း၌ ကျောင်းဆောင်သစ် တည်ဆောက်ပြီးစီးမှုအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ Steel Structure ဖြင့် (ပေ ၁၂၀× ပေ ၃၀) ရှိ တစ်ထပ်ကျောင်းဆောင်သစ်တည်‌ဆောက်ခြင်းလုပ်ငန်း ပြီးစီးမှုအ‌ခြေအနေအား ယနေ့မွန်းလွဲပိုင်းက လှိုင်းဘွဲမြို့နယ် ဒုတိယ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြ သည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက အခြေခံပညာ အထက်တန်းကျောင်း (အထက-ခနောင်တို) ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

လယ်ဝေးမြို့နယ် Community Centre တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် Talk Show ကျင်းပ

၂၀၂၂-ခုနှစ်၊ အောက်တိုဘာလ(၅)ရက်နေ့တွင် ကျရောက်သည့် ‘ ကမ္ဘာ့ဆရာများနေ့ ’ အထိမ်းအမှတ် Talk Show ကို လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre(လူထုအခြေပြုဗဟိုဌာန)တွင် ယနေ့နံနက်(၉)နာရီက ကျင်းပသည်။

ရှေးဟောင်းသမိုင်း၀င် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ သီတင်းကျွတ်ဗုဒ္ဓပူဇနိယပွဲတော်နှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့ကျက်သရေဆောင်ရှေးဟောင်းသမိုင်း၀င် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ၂၀၂၂ ခုနှစ်၊ သီတင်းကျွတ်ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီမိနစ် ၃၀ က တွံတေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to