ခရမ်းမြို့နယ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အသိပညာပေး (Talk Show) ကျင်းပ

ယနေ့တွင်ကျရောက်သည့် "ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေး(Talk Show)ကို  ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။

ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက အ.ထ.က(ညောင်ပင်သာ)၊ အ.ထ.က(သကြားစက်)နှင့် သကြားစက်ရုံဝန်ထမ်းများအား သွားရောက်ငှားရမ်းပေးကြသည်။

ဒလမြို့နယ်တွင် ကလေးများအား ဂျပန်ဦးနှောက်ရောင်ကာကွယ် ဆေးထိုးနှံခြင်း၊ ဗီတာမင်အေ တိုက်ကျွေးခြင်း၊ သံချဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ အသက် ၉ လမှ အသက် ၁၅ နှစ်အောက်ကလေးများအား ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ အသက် ၆ လမှ ၅နှစ်အထိ ကလေးများအား ဗီတာမင်အေတိုက်ကျွေးခြင်း၊ အသက် ၂ နှစ်မှ ၅ နှစ်အထိ ကလေးများအား သံချဆေး တိုက်ကျွေးခြင်းကို ယမန့်နေ့က ရပ်ကွက်၊ ကျေးရွာများရှိ သတ်မှတ်စုရပ်နေရာများတွင် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

စပါးနှင့် စားသုံးသီးနှံများတွင်ကျရောက်သော လိပ်ပြာမျိုးရင်းဝင်ဖျက်ပိုးများကို ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်းနိုင်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် မိုးစပါးများဆစ်ပိုးကာကွယ်နှိမ်နင်းရေးအတွက် ဥကပ်ပါးနဂျီ (Trichogramma) လွှတ်ပေးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက ဝတ်တဲကွင်းရှိ တောင်သူ ဦးကျော်မြင့်မိုး၏ လယ်ဧကကွင်းအမှတ်- ၈၅၁(က)၌ ပြုလုပ်သည်။

ကျောက်တန်း အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် မြတ်ဆရာပူဇော်ကန်တော့ပွဲအခမ်း ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုသောအားဖြင့် မြတ်ဆရာပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့နံနက် ၉  နာရီက အဆိုပါကျောင်း၏ မှော်ဝင်းရတနာခန်းမ၌ ကျင်းပခဲ့သည်။ 

ရေစကြိုမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် အသိပညာပေး Talk  Show ကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်သည်။

အိမ်မဲမြို့နယ် အ-ထ-က (၂)ကျောင်းတွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနား ကို ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြ ခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က (၂) ပညာ့ဗိမာန်ခန်းမ၌ ယနေ့ နံနက် ၉ နာရီတွင် ကျင်းပသည်။
Subscribe to