အထက - ခွဲ( ၅) ရပ်ကွက်တွင် ကျောင်းသားကျောင်းသူများကို ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြော

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နေ့လည် ၁နာရီခွဲက အမှတ်(၅)ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကျင်းပ

ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် မြတ်ဆရာ ပူဇော်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အ.ထ.က(ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 မိုင်းလွေကျေးရွာအုပ်စု ယန်းခိုင်ကျေးရွာရှိ အိမ်ခြေ၊ အိမ်ထောင်စု လူဦးရေစာရင်းများ မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ ယန်းခိုင် ကျေးရွာရှိ အိမ်ခြေ၊ အိမ်ထောင်စု လူဦးရေစာရင်းများ မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီ ကျေးရွားဘုန်းတော်ကြီးကျောင်း၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်၌ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ (၂၀၂၂) ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုသောအားဖြင့် ဆရာကြီး၊ ဆရာမကြီး များကို ပူဇော်ကန်တော့ ခြင်းနှင့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ ကို ဆုများချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် (၉) နာရီက အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းရှိ ကရဝိက်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သံ​ဖြူဇရပ်မြို့နယ်၌ ဆီထွက်သီးနှံ (နေကြာ)တစ်ဧက အထွက်နှုန်းတိုးတက်ရေး တောင်သူ နည်းပညာပေးသင်တန်း ဖွင့်လှစ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းရာသီကာလ၌ ဆီထွက်သီးနှံ(နေကြာ)စိုက် တောင်သူများ တစ်ဧကအထွက်နှုန်း တိုးတက်မြင့်မားရေးအတွက် ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်  ဖွင့်လှစ်သည့် တောင်သူနည်းပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်က ဝယ်ဝင်ကရာကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကင်းမြို့နယ် Community Centre ခန်းမတွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နေ့လယ် ၁၂:၀၀ နာရီက မြို့နယ်စာရေးဆရာအသင်း Book Club နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်၌ ပြည်သူများထံ စျေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ပြည်သူများလူမှုဘဝ စားသောက်ရေးတွင် အထောက် အကူဖြစ်စေရန်နှင့် စားနပ်ရိက္ခာ များ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်စေရန် ရည်ရွယ်၍ ပြည်သူများထံ စျေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို ယနေ့ နံနက် (၇)နာရီခွဲအချိန်က (၈)ဖြတ်လမ်း၊ မြို့မစျေးကြီးအနီးတွင် ရောင်းချပေးခဲ့သည်။

တာမွေမြို့နယ်ရှိ ရာမကွင်းဓာတ်အားခွဲရုံအနီး ပတ်ဝန်းကျင် လုံခြုံမှုရှိစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး, သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်ရှိ ရာမကွင်းဓာတ်အားခွဲရုံ အနီးပတ်ဝန်း ကျင် သန့်ရှင်းသာယာလှပစေရေး၊ လုံခြုံမှုရှိစေရေးနှင့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးတို့အတွက် ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်နှင့် အဖွဲ့ဝင်များက လိုက်လံကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အာစရိယပူဇော်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်အမှတ်အဖြစ် အာစရိယပူဇော်ပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက မေတ္တာကိုယ်ပိုင် အထက်တန်းကျောင်း စုဝေးခန်းမတွင် အာစရိယပူဇော်ကန်တော့ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြာင်း သိရှိရသည်။
Subscribe to