ဝါးခယ်မမြို့နယ် ကျုံပတုတ်ဝကျေးရွာသို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံပတုတ်ဝကျေးရွာအုပ်စု၊ ကျုံပတုတ်ဝကျေးရွာ သိဒ္ဓိဇေရုံကျောင်းတိုက်အတွင်းရှိ ဓမ္မာရုံ၌ ယနေ့ နံနက် ၉ နာရီအချိန်တွင် ဝါးခယ်မမြို့နယ်စီမံအုပ်ချုပ်ရေအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက် ဦးဆောင်သော စစ်ကြောင်းကြီး (၅)ကြောင်းမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ တရားဉပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။