တနိုင်းမြို့နယ်၌ ပြည်သူများနှာခေါင်းစည်း (Mask ) တပ်ဆင်သွားလာရေးအသိပညာပေးပြီး Mask Campaign အရှိန်အဟုန်မြှင့် ဆောင်ရွက်
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ခံရမှုမရှိစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများ နေအိမ်ပြင်ပ ထွက်ခွာသူများ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာသည့် အလေ့အကျင့်များ လိုက်နာကျင့် သုံးစေရန် Mask Campaign အရှိန်အဟုန်မြှင့်အသိပညာပေးခြင်းကို အောက်တိုဘာ ၅ ရက်နေ့ နံနက် ၈ နာရီက တနိုင်းမြို့ လီဒိုလမ်းမကြီးပေါ်ရှိ တနိုင်းတံတား၌ ဆောင်ရွက်ခဲ့သည်။