ဟင်္သာတခရိုင်တွင်းရှိ ဆောင်းသီးနှံနေကြာ စိုက်ပျိုးမည့်တောင်သူများနှင့် တွေ့ဆုံ၊ နေကြာမျိုးစေ့များ ဖြန့်ဖြူးရောင်းချ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ဆောင်းသီးနှံ နေကြာတိုးချဲ့ စိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံ၍ နေကြာမျိုးစေ့ များ ဖြန့်ဖြူးရောင်းချခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ မြို့နယ်များမှ တောင်သူများနှင့် တွေ့ဆုံရောင်းချခဲ့သည်။