တံတားဦးမြို့နယ် မြေငူကျေးရွာမှ နွားကောင်ရေ(၃၅၀)ကျော်အား ပေါင်ပုပ်၊ လက်ပုပ်ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံ
တံတားဦးခရိုင် တံတားဦးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသခံတောင်သူများ မွေးမြူထားသောကျွဲ၊ နွားများတွင် ကျရောက်တတ်သောရောဂါများမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ဆေးများနှင့်ကုသဆေးများကို ကျေးရွာများသို့အရောက်ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၈)နာရီက မြေငူကျေးရွာသို့ သွားရောက်ပြီး နွားကောင်ရေ(၃၅၀)ကျော်ကို ပေါင်ပုပ်၊ လက်ပုပ်ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်းသိရသည် ။