ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့ ကတ်သလစ်ဘုရားကျောင်းဝင်းအတွင်း နန်ဆန်ယန်ဒေသမှ တိမ်းရှောင်လာသောဒေသခံပြည်သူများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း ဗန်းမော်သွားလမ်းပေါ်ရှိ နန်ဆန်ယန်ဒေသမှ ဝိုင်းမော်မြို့ RC ဘုရားကျောင်းနှင့် မိုင်းနား AG ဘုရားကျောင်းသို့ ခေတ္တတိမ်းရှောင်လာသော ဒေသခံပြည်သူများအား ဇူလိုင် ၄ ရက် မွန်းလွဲ ၂ နာရီက ဝိုင်းမော်မြို့ အမှတ် (၂)ရပ်ကွက်ရှိ RC ဘုရားကျောင်း၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့ခဲ့ကြသည်။

မင်းလှမြို့၌ မိုးရာသီစုပေါင်းသစ် ပင်စိုက်ပျိုး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင် စိမ်းလန်းသာယာစိုပြေစေရေးအတွက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ရွေးကုန်းအုပ်စု၊ဘန့်ဘွေးကုန်းကျေးရွာအနီး၊ စိန်ကန့်လန့် -မြို့ချောင်းလမ်းမိုင်တိုင်အမှတ် (၁၀/၁) အတွင်း၊ မုက္ခာကြိုးဝိုင်းအကွက်အမှတ် (၂၉) ၌ ဇူလိုင် ၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အုတ်တွင်းမြို့နယ်၌ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၄၀၀ ဗို့ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် တောပုကျေးရွာအုပ်စု သိုက်ကုန်းကျေးရွာအား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း (NEP) စနစ်ဖြင့် ဆောင်ရွက်သော ၁၁ ကေဗွီ ဓာတ်အားလိုင်း ၄၀၀ ဗို့ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဖြူးမြို့နယ်သပြေသာကျေးရွာ မိဘမဲ့ကလေးကျောင်းတွင် တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေး

ပဲခူးတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏လမ်းညွှန်မှုဖြင့် ဖြူးမြို့နယ် တိုင်းရင်းဆေးကုဌာနနှင့် ဖြူးမြို့နယ် (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံတို့ပူးပေါင်း၍ တိုင်းရင်းဆေးပညာဖြင့်

ကျောက်ဆည်မြို့နယ်တွင် ငရုပသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ငရုပ်စိုက်တောင်သူ များအနေဖြင့် ငရုပ်သီးနှံများစိုက်ပျိုးရာတွင် ဆည်ရေ၊ မြစ်ရေ၊ မြေအောက်ရေတို့ဖြင့် အမျိုးမျိုး စိုက်ပျိုးကြကြောင်းနှင့် ယခုနှစ်တွင်ငရုပ်စိုက်ခင်းများ အပင်ဖြစ်ထွန်းပြီး အသီးအထွက်နှုန်းကောင်းမွန်သဖြင့် ငရုပ်သီးနှံစိုက်ပျိုး သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ(ကျိုင်းတုံ)ကွပ်ကဲမှုအောက်ရှိ ခရိုင်အဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်မှုပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဗုဒ္ဓသာသနာတော်ထွန်းကာပြန့်ပွားရေးနှင့် ပါဠိအသံထွက် မှန်မှန်ကန်ကန် ရွတ်ဖတ်ပူဇော်တတ်စေရန်အတွက် ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့ (ကျိုင်းတုံ) ကွပ်ကဲမှုအောက်ရှိ ခရိုင်အဆင့်ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ် ဆိုပူဇော်မှုပြိုင်ပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က ကျိုင်းတုံမြို့သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပခဲ့သည်။

ဖျာပုံမြို့၌ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးရာသီတွင် ဘေးကြားတောင်ပျံခေါင်နှံစနစ်ဖြင့် ပျိုးထောင်ခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ကိုး အိမ်တန်းကျေးရွာအုပ်စု၊ နောင်တော်ကြီးကျေးရွာ၊ ကွင်းအမှတ် (၄၉၉) A၊ ဦးပိုင်အမှတ် (၁/၁)၊ တောင်သူ ဦးဇော်လှိုင်ထွန်း၏ လယ်မြေ (၂)ဧကပေါ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးရာသီတွင် ဘေးကြားတောင်ပျံခေါင်နှံစနစ်ဖြင့် ပျိုးပွား၊ ပျိုးသန့် ထုတ်လုပ်နိုင်ရေး ကွင်းဆင်းသရုပ်ပြခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါ ကျေးရွာတွင် ပြုလုပ်ကြသည်။

ကျောက်တန်းမြို့နယ်၊ နရွဲချောင်ကျေးရွာတွင် အခြေခံမော်တာစက်ချုပ်သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားစေရန်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်၊ ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာနှစ်တွင် နရွဲချောင်ကျေးရွာအုပ်စု၊ နရွဲချောင်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဇူလိုင်လ (၄)ရက် နံနက်(၁၀) နာရီတွင် အခြေခံမော်တာစက်ချုပ်သင်တန်းဖွင့်လှစ်ခဲ့ပါသည်။

ရွှေတောင်မြို့၌ မွေးစမှ ၂ နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနကမွေးစမှ အသက် (၂) နှစ်အောက်ကလေးငယ်များအား လစဉ် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက် (၉) နာရီတွင် အဆိုပါဌာန၌ ဆေးထိုးဆေးတိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဘူးသီးတောင်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Libraryစနစ်ဖြင့် စာအုပ်စာစောင်များ (အခမဲ့)ငှားရမ်းပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင် ရေးMobile Library စနစ်ဖြင့် စာအုပ်စာစောင်များ (အခမဲ့)ငှားရမ်းပေးခြင်းကို ယမန်နေ့ နေ့လည် (၂) နာရီ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ကာ (အခမဲ့) ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Subscribe to