စဉ့်ကူးမြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့၌ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲကို စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဟိုင်းကြီးကျွန်းမြို့၌ ငါးလုပ်ငန်းဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ငါးသယံဇာတထိန်းသိမ်းရေးအသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ငါးသယံဇာတများ မပြုန်းတီးစေရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ငါးသယံဇာတထိန်းသိမ်းရေးအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်တွင် ကျုံကူးကျေးရွာအုပ်စု၊ ကျုံကူးကျေးရွာ စတုဘုံမိကဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်၌ ဟင်းသီးဟင်းရွက်မျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် စားသုံးသူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချ ရသည့် ဟင်းသီးဟင်းရွက်များကို အလွယ်တကူ ခူးဆွတ်စားသုံးနိုင်ရေးနှင့် ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက်များရရှိနိုင်ရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဟင်းသီးဟင်းရွက်မျိုးစေ့များကို ရပ်ကွက်၊ကျေးရွာများရှိ ပြည်သူများသို့ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့ညနေ(၄)နာရီအချိန်က မြို့နယ်ခန်းမ၌ ကျင်းပသည်။

ကျောက်ကြီးမြို့နယ်၌ စာအုပ်/စာစောင်ပြပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ယနေ့ နံနက်ပိုင်းက စာအုပ်/စာစောင် ပြပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။

မိုးကောင်းမြို့၌ မွေးစမှအသက် ၂ နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှအသက် (၂)နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီတွင် အဆိုပါဌာန၌ ဆေးထိုးဆေးတိုက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ငပုတောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပီလောပီနံ စိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံပြီး စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၂) ဦးသန်းဦးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်း က ကြာကွင်းကျေးရွာအုပ်စု ကြာကွင်းကျေးရွာရှိ မန်းမြင့်သိန်းထွန်းနေအိမ်တွင် ပီလောပီနံ စိုက်ပျိုးမည့် တောင်သူများကို တွေ့ဆုံကာ အရည်အသွေး မြင့်မားပြီး အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးနိုင်ရေးနှင့် သီးနှံပင်များ ပျက်စီးဆုံးရှုံးမှုများ မရှိစေရေး အထူးအလေးထား ဂရုပြုစိုက်ပျိုးရန် မှာကြားခဲ့သည်။

ကျောက်ဆည်မြို့ဇီဝနည်းပညာသုတေသနဦးစီးဌာနမှ Green Tricho ဇီဝမှိုသက်ဆေးထုတ်လုပ်မှု နည်းပညာလွှဲပြောင်းခြင်းအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ ဇီဝနည်းပညာသုတေသနဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် Green Tricho ဇီဝမှိုသတ်ဆေး ထုတ်လုပ်မှု နည်းပညာလွှဲပြောင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကျောက်ဆည်မြို့၊ ဇီဝနည်းပညာသုတေသနဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးကုတ်မြို့နယ်တွင်  ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုကို သပိတ်ကျင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှု

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ် ကျောင်းသား/သူများအား ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ကိုဗစ်-၁၉ ရောဂါကားကွယ်ဆေး (Booster Dose) နှင့် (Sinopharm) ထိုးနှံပေးနေမှုအား သပိတ်ကျင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်တင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိုနှိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအား ကြည့်ရှုအားပေးပြီး ဆေးကုသရန်လာရောက်ကြသည့် ပြည်သူများအားအာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်၊ ဘုန်းတော်ကြီးကျောင်းများအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တူပစ္စည်းများ ဆက်ကပ်လှူဒါန်း

ရခိုင်ပြည်နယ်မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက်ရောက်‌ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့် တာ၀န်ရှိသူများနှင့်အတူ ဇူလိုင် ၄ ရက်နေ့ နံနက်ပိုင်းက အထူးကုဆရာဝန်များက သာသနာ့ဗိမာန်တော်ကြီးတွင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအား ကြည့်ရှုအားပေးပြီးဆေးကုသရန် လာရောက်ကြသည့် ပြည်သူများအား အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်၊ ဘုန်းတော်ကြီးကျောင်းများအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တူပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ကဝမြို့နယ်၌ အသက် (၂) နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများက မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် အသက် (၂) နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို ယမန်နေ့နံနက် (၁၀) နာရီက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to