ရွာလုကျေးရွာ လယ်ယာနှင့်အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ အသင်းသားများအား One Village One Product လုပ်ငန်းစီမံချက် ချေးငွေများ ပေးအပ်

မန္တလေးတိုင်ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် သမဝါယမဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် One Village One Product လုပ်ငန်းစီမံချက် ချေးငွေများကို ထုတ်ချေးပေးလျှက်ရှိရာ၊ ဇူလိုင် (၅) ရက်နေ့ မွန်းလွဲ (၃) နာရီက ဝါးလက်မှုလုပ်ငန်း ဖြင့် အသက်မွေးဝမ်းကျောင်းပြုသည့် ရွာလုကျေးရွာအုပ်စု၊ ရွာလုကျေးရွာရှိ လယ်ယာနှင့်အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမ အသင်းသားများအား ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ဗိုလ်မှူးချုပ်ကျော်ကျော်ဦးနှင့် တာဝန်ရှိသူများ ကျောင်းထိုင်ဆရာတော်များနှင့် မုန်တိုင်းဒဏ်သင့် ပြည်သူများအား စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်း

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်လည်ထူထောင်ရေးတာဝန်ခံ ဗိုလ်မှူးချုပ်ကျော်ကျော်ဦးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌဦးမင်းဇော်ဟိန်းနှင့် အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့နံနက်၈နာရီက သာယာကုန်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာသို့ သွားရောက်ပြီး သာယာကုန်းဓမ္မဒူတကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကောဝိတအားဖူးမြော်ပြီး ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီက အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်းဘူးမြို့၌ တရားမဝင်ကုန်သွယ်မှုနှင့် တရားမဝင်ကုန်စည်စီးဆင်းမှုမရှိစေရေး စစ်ဆေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့မှ ဦးဆောင်ပြီး မင်းဘူးမြို့၌ တရားမဝင်ကုန်သွယ်မှုနှင့် တရားမဝင်ကုန်စည်စီးဆင်းမှုမရှိစေရေး ရှောင်တခင် စစ်ဆေးခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က မင်းဘူးမြို့ ရွှေနတ်တောင်ကျောင်းတိုက်ရှေ့ မင်းဘူး-အမ်းကားလမ်းမဘေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် ၆/၂၀၂၃ သို့ တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် ၆/၂၀၂၃ ကို ဇူလိူင်လ ၅ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တကောင်းမြို့၊ အခြေခံပညာအလယ်တန်းကျောင်း (မြို့မ) တွင်ရေသန့်စက်ဖွင့်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(မြို့မ)တွင် ရေသန့်စက်ဖွင့်ပွဲနှင့် ရေသန့်စက် အဆောက်အဦလှူဒါန်းပွဲအခမ်းအနားကို ဇူလိုင်လ (၄) ရက်နေ့တွင် အဆိုပါကျောင်းဝန်းအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အမ်းမြို့နယ် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အသိပညာပေး‌ဟောပြောပွဲ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အသိပညာပေး‌ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီးလူအေး၊ ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုအား ကြည့်ရှုအားပေး

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ သွားရောက်ကာ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုအား ကြည့်ရှုအားပေးပြီး ဓမ္မိကာရုံပရဟိတ ဘုန်းတော်ကြီး ကျောင်းတိုက်မှ ဆရာတော်အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကာ အဆိုပါ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ တက်ရောက်ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူများ၏ နေထိုင် စားသောက်မှုအခြေအနေအား ကြည့်ရှုအားပေးသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်  ၂၀၂၃ ခုနှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ခြင်းအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတက်ရောက်

မွန်ပြည်နယ်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းများနှင့် ကျောင်းသား/ ကျောင်းသူများအတွက် ပညာရည်ချွန်ဆု ချီးမြှင့်ခြင်းအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မအီမြို့နယ်တွင် အသက် ၂ နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင်ကလေးသူငယ်များအား ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအား အရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းနှင့် ဝန်ထမ်းများကမအီမြို့ပေါ်ရပ်ကွက်များအတွင်းရှိ အသက် (၂) နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာန၌ ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to