မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၃ ခုနှစ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်

၂၀၂၃ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၅ ရက်နေ့ နံနက် ၈ နာရီအချိန်က မကွေးခရိုင်အားကစားကွင်း၌ ကျင်းပရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊

မိုးညိုမြို့၌ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ မိုးညို - မင်းလှ သွားကားလမ်း မိုင်တိုင်အမှတ် ၁၆ မိုင် ၃ ဖာလုံအနီး၌ ဇူလိုင်လ ၅ ရက် နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မိုးညိုမြို့နယ်၌ ဂရန်အင်းနှင့် တင်ဒါချက်များအား လေလံတင်ရောင်းချ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ငါးလုပ်းငန်းဦးစီးဌာနမှ ၂၀၂၃ -၂၀၂၄ ခုနှစ်၊ လုပ်ငန်းရာသီနှစ်အတွက် (ပဉ္စမ)အကြိမ် ဂရန်အင်းများ‌ လေလံတင်‌ ရောင်းချခြင်းနှင့် (စတုတ္တ)အကြိမ် တင်ဒါချက်များအား လေလံတင် ရောင်းရောင်းချခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ရွှေဥဒေါင်းရပ်ကွက်ရှိ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မောက်မယ်မြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၏ လူမှုရေးပင်စင် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယနေ့နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပန်းဘဲတန်းမြို့နယ်၌ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား (Biometric Data)  ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ဇီဝဆိုင်ရာ အချက်အလက် (Biometric Data) ကောက်ယူခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လယ်ဝေးမြို့၊ အ.ထ.က (သာဝတ္ထိ)တွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သာဝတ္ထိအခြေခံပညာအထက်တန်း​ကျာင်းတွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် သွေးလွန်တုပ်ကွေးရောဂါ (Outbreak) မဖြစ်ပွားစေရေး  အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉နာရီခွဲက ကျင်းပခဲ့သည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှု

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နံနက်(၉)နာရီခွဲက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် အခြေခံပညာ အထက်တန်း ကျောင်း(ကြိုသက်)တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ အား သွားရောက်ကြည့်ရှု အားပေးစကားပြောကြားပြီး ကျောင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးများမှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခြေခံပညာ အထက်တန်းကျောင်း(ကြိုသက်)တွင် RC နှစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးနေမှုကို ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ်တွင် (၇၆)နှစ်​မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် အခြေခံပညာကျောင်းများတွင် ယမန်​နေ့ ၈း၃၀နာရီက (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်  ဟောပြောပွဲ၊ စာစီစာကုံး၊ ပန်းချီနှင့် ကဗျာပြိုင်ပွဲများ အသီးသီးကျင်းပ​ဆောင်ရွက်ခဲ့ကြသည်။

လားရှိုးမြို့တွင် ပင့်သံဃာနှင့်သီလရှင် အပါး ၆၂၅ ပါးတို့အား ဝါတွင်းဝါပ အရုဏ်ဆွမ်းလောင်းလှူ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ  မြန်မာ့မီးရထား သဗ္ဗသုခဗုဒ္ဓဝေယျာဝစ္စ(လစဉ်) အရုဏ်ဆွမ်းလောင်း အသင်းမှကြီးမှူးကာ ယနေ့နံနက် ၅ နာရီအချိန်က  မြန်မာ့မီးရထားဘူတာရုံရှေ့တွင် အရုဏ်ဆွမ်း လောင်းလှူခဲ့ကြကြောင်း သိရသည်။
Subscribe to