စုကလိမြို့တွင် ယာဥ်စည်းကမ်း လမ်းစည်းကမ်းများအကြောင်း အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

ကရင်ပြည်နယ် မြဝတီခရိုင်၊ စုကလိမြို့တွင် ကျောင်းသားကျောင်းသူများအား ယာဥ်အန္တရာယ်ကင်းရှင်းစေရန်နှင့် ယာဥ်မောင်းနှင်စဥ်အတွင်း လိုက်နာရမည့် စည်းကမ်းချက်များ အကြောင်းတို့ကို ဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ စုကလိမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community canter တွင် ကျင်းပပြုလုပ်ခဲ့သည်။

မင်းတုန်းမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီစဉ်ကြီးကြပ်မှုဖြင့် ကိုယ်တိုင်စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများ၏ တန်ဖိုးသင့် အရောင်းဆိုင်ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့တွင် ယနေ့နံနက် ၇ နာရီခွဲက တိုင်းဒေသကြီးအစိုးရအဖွဲ့ စီစဉ်ကြီးကြပ်မှုဖြင့် ကိုယ်တိုင်စိုက်ပျိုး မွေးမြူထုတ်လုပ်သူများ၏ တန်ဖိုးသင့်အရောင်းဆိုင်ဖွင့်လှစ်ခဲ့ရာ ပြည်သူများလာရောက်ဝယ်ယူခဲ့ကြသည်။

ရွှေတောင်မြို့နယ်တွင် မိုးနှမ်းလျာထားဧကထက် ပြည့်မီကျော်လွန် စိုက်ပျိုးပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် တောင်သူများမှ ဆီထွက်သီးနှံဖြစ်သည့် မိုးနှမ်းလျာထား ဧကပြည့်မီကျော်လွန်ရေး မိုးနှမ်းစိုက် တောင်သူ များ ထွန်ယက်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

မင်းဘူးမြို့တွင် အသက်(၂) အောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးခြင်း ဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ အသက်(၂)နှစ်အောက်ကလေးငယ်များ ကာကွယ်ဆေးထိုးခြင်းနှင့် ဆေးတိုက် ကျွေးခြင်းများကို မင်းဘူးမြို့ အမှတ်(၄)အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ပေးခဲ့သည်။

ကျောက်မဲမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (ECCD) သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် ရှေးဦးအရွယ်ကလေး သူငယ်ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (ECCD) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက  အစီအစဉ်နှစ်ပိုင်းဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

ကျိုင်းလပ်မြို့၌ ဂန္ဓာမာလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ စည်ပင်သာယာရေးဌာနသည် ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းလုပ်ငန်းဖြစ်သည့် အမှတ်(၁)ရပ်ကွက်ရှိ ဂန္ဓာမာလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးဖွင့်ပွဲ တက်ရောက်

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက် (၉)နာရီက ပင်းတယမြို့၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံး၌ ပင်းတယမြို့နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ရုံးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ စိုက်ပျိုးထားသည့် အစေ့ထုတ်ပြောင်းများဖြစ်ထွန်းအောင်မြင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ တာလျှပ်ကျေးရွာ၌ စိုက်ပျိုးထားသည့် အစေ့ထုတ် ပြောင်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။
Subscribe to