ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈) ခရိုင် အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ခရိုင်အဆင့်၊ တိုင်းဒေသကြီးအဆင့်မှသည် နိုင်ငံ့လက်ရွေးစင်များအထိ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများ ထွက်ပေါ်လာစေရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၈) ခရိုင်၊ အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့ညနေပိုင်းက ကိုးသိန်းအားကစားကွင်း၌ပြုလုပ်ရာ  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဘောလုံးဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။

မိုးမိတ်မြို့နယ်တွင် ပြည်နယ်ခွင့်ပြုရန်ပုံငွေ မွေးမြူရေးဘဏ်စနစ်ဖြင့် ဒေသနွား(၂၁)ကောင်အား ဒုတိယအကြိမ် လက်ဆင့်ကမ်းဖြန့်ဖြူး

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် လက်ခုပ်ပင်ကျေးရွာအုပ်စု၊  ကွမ်းတောအင်း ကျေးရွာတွင် ပြည်နယ်ခွင့်ပြုရန်ပုံငွေ မွေးမြူရေးဘဏ်စနစ်ဖြင့် ဒေသနွား(၂၁) ကောင်အား ဒုတိယအကြိမ် လက်ဆင့်ကမ်း ဖြန့်ဖြူးပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာမြင့်ဇော်နှင့်ဝန်ထမ်းများ၊ တာဝန်ရှိသူများက နွားမွေးမြူမည့် ကျေးရွာနေ ဒေသခံတောင်သူ (၁၀) ဦးထံသို့  လက်ဝယ်အရောက် ဖြန့်ဖြူးပေးအပ်ခဲ့ကြောင်း သိရသည်။

မိုးမိတ်မြို့နယ်တွင်  မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေဖြင့် ကျေးရွာတွင်းမြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် လက်ခုပ်ပင်ကျေးရွာအုပ်စု ကွမ်းတောအင်းကျေးရွာရှိ ကျေးရွာတွင်းမြေသားလမ်းအား မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးခဲ့ရာ အဆိုပါလမ်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံများက ယနေ့ နံနက် ၁၁ နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ပေါင်းတည်မြို့နယ်၌ အသက်၂ လ မှ ၁ နှစ်ခွဲ ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၌ အသက် ၂ လ မှ ၁ နှစ်ခွဲ ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ယနေ့နံနက်ပိုင်းက ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးကြကြောင်း သိရသည်။

သံတောင်ကြီးဒေသထွက် ရာသီစာမျှစ်များဝယ်လိုအားကောင်းခြင်းကြောင့်မိသားစုအပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့သည် တော်ပေါ်မြို့ဖြစ်သည့် အားလျော်စွာ သစ်၊ ဝါးများ သဘာဝအတိုင်း ပေါက်ရောက်ရှင်သန်ကြသည်။ မိုးတွင်း အချိန်တွင် သဘာဝအတိုင်း အလေ့အထပေါက်သည့် ရာသီစာမျှစ်များ ဝယ်လိုအားကောင်းခြင်းကြောင့် ဒေသခံပြည်သူများက လိုက်လံချိုးယူရောင်းချရာ မိသားစု အပိုဝင်ငွေရရှိကြောင်း သိရသည်။

ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ (ဒုတိယပညာသင်ကာလ) အပတ်စဉ်သုတေသန စာတမ်းဖတ်ပွဲကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ (ဒုတိယပညာသင်ကာလ) အပတ်စဉ်ဘာသာရပ်ဌာနများ၏ သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က အဆိုပါ တက္ကသိုလ်၊ ကျွန်းရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည်။

ငွေဆောင်မြို့ သဇင်ကျေးရွာအုပ်စု အ.ထ.က(ခွဲ) သဇင်ကျောင်း၌ GBP (NGO) အဖွဲ့မှ ဆင်နှင့် ပက်သက်၍ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ သဇင်ကျေးရွာအုပ်စု၊ အ.ထ.က(ခွဲ) သဇင်ကျောင်းတွင် ယမန်နေ့ နေ့လည်၌ ကျောင်းသား/သူများအား GBP(NGO)အဖွဲ့မှ ဆင်နှင့် ပက်သက်၍ အသိပညာပေး ပြောကြားခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွာလုကျေးရွာ လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ  အသင်းသားများအား One Village One Product  လုပ်ငန်းစီမံချက် ချေးငွေများ ပေးအပ်

မန္တလေးတိုင်ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် သမဝါယမဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် One Village One Product လုပ်ငန်းစီမံချက် ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ(၃)နာရီက ဝါးလက်မှုလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသည့် ရွာလုကျေးရွာအုပ်စု၊ ရွာလုကျေးရွာရှိ လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းသားများအား ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မြိတ်မြို့တွင် အစားအစာဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် အသိပညာပေးသင်တန်း ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ အစားအစာဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် အသိပညာပေးသင်တန်း (၁/၂၀၂၃) ကို မြိတ်မြို့မြန်အောင်ရပ်ရှိ ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် ရုံးခန်းမတွင် ယမန်နေ့က ဖွင့်လှစ်ခဲ့သည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဝိုင်းမော်မြို့ စိမ်းလန်းစိုပြေသန့်ရှင်းသာယာလှပရေး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိသည့် စည်ပင်သာယာရေးလုပ်ငန်း များအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပလာစေရေး အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတ ရေးရာဝန်ကြီး ဦးတိန့်ဆောင်က ဇူလိုင် ၅ ရက် မွန်းလွဲ ၂ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
Subscribe to